ဆူညံသော ကားဟွန်းတီးသံတွေကြောင့် အိပ်မောကျနေရာက လန့်နိုးလာပြီး ဘေးဘီဝဲရာကို စူးစမ်းကြည့်မိတော့ လမ်းမလယ်ထက်မှာ ဘီးမလှိမ့်ပဲ ရပ်တန့်နေတာကို သတိထားမိလိုက်သည်။
ကားမောင်းသူနေရာမှာ ထိုင်နေတဲ့ 𝙷𝚢𝚞𝚗𝚓𝚒𝚗 ကလည်း သူငယ်အိမ်တွေ ရွေ့လျားခြင်းမရှိပဲ အရှေ့တည့်တည့်ကိုသာစိုက်ကြည့်လျက် မှင်သေနေတာကို တွေ့ရသည်။
နဖူးပြင်ထက် ချွေးစီးများ ခိုတွဲနေပြီး အသက်ကိုပင် မနည်းလုရှုနေပုံ ရတာကြောင့် လက်မောင်းကို ကိုင်ကာလှုပ်နိုးလိုက်သည်။
"𝙷𝚢𝚞𝚗...ဘာဖြစ်နေတာလဲ"
အနောက်မှာတန်းစီနေတဲ့ကားတွေက ရပ်နေတဲ့ ကျွန်တော့်တို့ကားကို ဆက်မောင်းရန် ဟွန်းတွေကျယ်လောင်စွာတီးနေကြပြီး ကျော်တက်သွားသူများက ကျော်တက်သွားကြသည်။
ကားမှန်ဖွင့်ပြီး တွေဝေနေတဲ့သူ့ကို အရူးတစ်ယောက်လို ကြည့်သူများကလည်း ကြည့်သွားကြပြီး ဟွန်းအဆက်မပြတ်တီးနေသူများကလည်း အနောက်မှာအော်နေကြသည်။
"မမောင်းဘူးလား 𝙷𝚢𝚞𝚗.. အနောက်မှာ ဟွန်းတွေတီးနေပြီ..."
"ဟမ်..."
လက်မောင်းကို အားနဲ့ဆွဲရမ်းလိုက်မှ အသိစိတ်ပြန်ဝင်လာပြီး ကျွန်တော့်ဘက်လှည့်လာသည်။
"အနောက်မှာကားတွေတန်းစီနေပြီ မြန်မြန်မောင်းတော့..."
"𝙻𝚒𝚡... ကိုယ်..."
"ဘာလို့လဲ... နေမကောင်းလို့လား.. ဒါဆို ကျွန်တော်ပဲ မောင်းတော့မယ်"
"အဲ့လိုလုပ်ပေးမလား..."
"ဆင်း..."
ကားထဲက အမြန်ဆင်းလိုက်ပြီး မောင်းသူနေရာမှ ထိုင်ကာ လမ်းမကျယ်ကြီးထက်မှာ အရှိန်နဲ့ မောင်းထွက်သွားသည်အထိ သူ့လက်တွေက တုန်ယင်နေတုန်း။
နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး အားဖျော့နေတဲ့ မျက်လုံးတွေနဲ့ သူ့ကို သတိပြုကြည့်နေတာတောင် သူကရိပ်မိပုံမရပါ။
ကိုရီးယားကလမ်းတွေကိုမသိပေမယ့် 𝙶𝙿𝚂 နဲ့ မို့ အဆင်ပြေနေသေးသည်။ ဘေးက သူ့ကိုကြည့်တော့လည်း အနည်းငယ်တော့ အဆင်ပြေလာပုံရတာကြောင့် ကျွန်တော့်ဘက်က စကားစရန်ပြင်လိုက်သည်။
YOU ARE READING
Love is Painful
Fanfictionတကယ်လို့ အချစ်က နားကျည်းစရာ အတိတ်တစ်ခုဆို ဘာလို့များ ပွေ့ဖက်ခဲ့သေးလဲ....တကယ်လို့ အချစ်က တစ်ယောက်ကိုတစ်ယောက် နာကျင်စေခဲ့တယ်ဆို ဘာဖြစ်လို့ တမ်းတမ်းတတ သတိရနေသေးလဲ...တကယ်လို့ အချစ်က ဆောင်းတွင်းရဲ့ အိပ်မက်ဆိုးဆို ဘာဖြစ်လို့ အိပ်မက်တွေ ဆက်မက်ချင်နေသေးလဲ...