Book 17 Chapter 234

121 18 1
                                    

Uni

အခန်း (၂၃၄) ကျင့်ယယ်ကျန်းရန်

ဗျပ်စောင်းကို မြင်သည်နှင့် လေလံ ပွဲတက်ရောက်လာသည့် ဧည့်သည်တော်များမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြလေသည်။

"ဒီဗျပ်စောင်းက သူတော်စင် တေးသွား ဗျပ်စောင်းလား"

ဝူချင်ကျီက မေးလိုက်လေသည်။

ထိုက်စန့် နတ်ဘုရားဂိုဏ်းမှ ဆရာသခင် တစ်ပါးအနေဖြင့် ထိုရတနာ ပစ္စည်းမှာ ရှားပါး ပစ္စည်းတစ်ခု ဖြစ်ကြောင်း ချက်ချင်းပင် သိရှိလိုက်သည်။

ဝူချင်ကျီသာ မဟုတ် အားလုံးကလည်း သိချင်နေကြပြီ ဖြစ်လေသည်။

သူတော်စင် တေးသွား ဗျပ်စောင်းကို "သူတော်စင် ဗျပ်စောင်း" ဟူ၍လည်း ခေါ်ကြပြီး ထိုဗျပ်စောင်းကို ပြုလုပ်သူမှာ အလွန်နာမည် ကျော်ကြားသော ရှေးခေတ် ဘုရင်တစ်ပါး ဖြစ်သည့် "ဖူရှီ" မင်းကြီးပင် ဖြစ်လေသည်။ ဖူရှီမင်းကြီးမှာ နတ်မိစ္ဆာများ၏ သူတော်စင်တစ်ပါးဖြစ်ပြီး နောက်ပိုင်းတွင် နာမည် ကျော်ကြားသည့် ဘုရင်တစ်ပါး ဖြစ်လာခဲ့လေသည်။

ယခု လေလံပွဲတွင် ပြသထားသည့် ဗျပ်စောင်းမှာ သူတော်စင် ဖူရှီချန် ရစ်ခဲ့သည့် ဗျပ်စောင်းသာမှန်လျှင် တန်ဖိုး မဖြတ်နိုင် လောက်အောင်ပင် အဖိုး အနဂ္ဃထိုက်တန်မည် ဖြစ်လေသည်။

ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်မက ရယ်မောလိုက်ရင်း...

"မဟုတ်ရပါဘူးရှင်..."

သူမ၏ စကားကြောင့် အားလုံးမှာ စိတ်ပျက် သွားကြသည့်တိုင် စိတ်သက်သာရာလည်း ရသွားကြလေသည်။ ရွှမ်ထုန် နတ်မိစ္ဆာ ဘုရင်မကဲ့သို့သော လူမျိုးက အလွန် အဖိုးတန်သည့် သူတော်စင် တေးသွား ဗျပ်စောင်းကို လေလံတင်မည် ဆိုလျှင် ရူးမိုက်လို့သာ လေလံတင်ခြင်း ဖြစ်ပေလိမ့်မည်။

ဆန်းလျန်က ဗျပ်စောင်းကို စူးစိုက် ကြည့်နေလေသည်။ ထိုဗျပ်စောင်းမှာ သူတော်စင် တေးသွား ဗျပ်စောင်းအစစ် မဟုတ်သည့်တိုင် ကောင်းမြတ်သည့် မူလ အရင်းခံ ဇာတ်ကြောင်း ရှိသည့် ဗျပ်စောင်း တစ်လက် ဖြစ်လေသည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 2) (Myanmar Translation)Where stories live. Discover now