Book 22 Chapter 304

107 9 0
                                    

Uni

အခန်း (၃၀၄) ဆန္ဒမဲ့ဝါးပင်

မိန်းမပျို၏ ပန်းခြင်းထဲမှ မွှေးရနံ့များမှာ အဆိပ်ပန်း ရနံ့များ ဖြစ်လေသည်။ သို့သော် ချန်းယင်းကျီကတော့ ထိုအဆိပ်ပန်း ရနံ့များကို လုံး၀ အရေးမစိုက်ပေ။

သူက အရက်သောက်ရင်းနှင့် အဆိပ်ဖြေဆေး တစ်မျိုးကိုပါ သောက်ထားသောကြောင့် ဖြစ်လေသည်။ အရက်နှင့်ဆိုလျှင် ထိုဖြေဆေးက ပိုပြီး အာနိသင် ထိရောက်လေသည်။

ဆန်းလျန်က အခြေအနေများ အားလုံးကို လေ့လာနေလေသည်။

အစိမ်းနုရောင် ဝတ်ဆင်ထားသည့် မိန်းမပျိုက ချန်းယင်းကျီကို တစ်ချက် ကြည့်လိုက်ရင်း...

"ရှင် ကျွန်မနဲ့အတူ လိုက်ခဲ့ရင် ကောင်းမယ် ၊ ဒါဆို နာကျင်ခံစားရမှာ မဟုတ်တော့ဘူး"

သူမ၏ စကားကြောင့် ချန်းယင်းကျီက ဒေါသတကြီးဖြင့် ရယ်မော လိုက်လေသည်။

"မင်းမှာ ကျုပ်ကို နိုင်အောင် တိုက်နိုင်တဲ့ အစွမ်းရှိမလား ကြည့်ကြသေးတာပေါ့"

စကားဆုံးသည်နှင့် ချန်းယင်းကျီ၏ ညာဘက်လက်ကြီးမှာ ရှည်ထွက်လာပြီး အစိမ်းနုရောင်ဝတ် မိန်းမပျိုကို ရိုက်ချ လိုက်လေသည်။ ရိုက်ချက်နှင့်အတူ လေထု တစ်ခုလုံးမှာ မီးတောက်များအလား အလင်းရောင်များ တောက်ပ ထိန်လင်း သွားလေသည်။ အစိမ်းနုရောင် ဝတ်ဆင်ထားသည့် မိန်းမပျိုနှင့် ချန်းယင်းကျီကြားတွင် မီးတောက်များ တောက်လောင် နေပြီး ထိုမီးတောက်များသည် အစိမ်းရောင်ဝတ် မိန်းမပျိုကို လောင်ကျွမ်း ပြာချ ပစ်တော့မည့် အလား ထင်မှတ်ရလေသည်။

ဟုန်ယန်ဂိုဏ်း၏ ကျင့်စဉ်ပညာများသည် အခြေခံ "ယန်" စွမ်းအားကို အသုံးပြုသည့် တိကျသည့် ကျဉ့်စဉ်များ ဖြစ်လေသည်။ ဟုန်ယန်ဂိုဏ်း၏ အဓိကကျင့်စဉ်မှာ "နေသူရိန်စွမ်းအား" ကျင့်စဉ် ဖြစ်လေသည်။ အစွန်းရောက် နေစွမ်းအားကို ရယူကာ ကျင့်ကြံကြရသည့် ကျင့်စဉ်တစ်မျိုး ဖြစ်လေသည်။

ဟုန်ယန်ကျီ၏ ဆရာတစ်ယောက်သည် ထိုကျင့်စဉ်ကို အောင်မြင်သည် အထိ လေ့ကျင့် နိုင်ခဲ့ဖူးသည်။ ထိုဆရာသခင်သည် ရေကန်ထဲမှ ရေများ အားလုံးကိုပင် အငွေ့ပျံ ခန်းခြောက် သွားစေနိုင်သည် အထိ တန်ခိုးစွမ်းအား ကြီးမားသည်ဟု အဆို ရှိကြလေသည်။ သို့သော် မိစ္ဆာ ကျင့်စဉ်များ၏ ထုံးစံအတိုင်း ထိုပညာကို ကျင့်ကြံလျှင် ဘေးထွက် ဆိုးကျိုးများကိုတော့ ခံစားရမည် ဖြစ်လေသည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 2) (Myanmar Translation)Onde histórias criam vida. Descubra agora