Book 18 Chapter 243

108 21 0
                                    

Uni

အခန်း (၂၄၃) တာအိုတေချင်

ဆန်းလျန်က လေစွမ်းအား သားရဲကို တစ်ချက်ကြည့်လိုက်ရင်း....

"ဒီသတ္တဝါလေးက သက်ရှိသတ္တဝါလေးပဲ၊ အင်္ကျီလက်ထဲ ထည့်သယ်သွားလို့ မရလောက်ဘူး၊ သိပ်မခက်ဘူးဆိုရင် သူ့ကို ရှောင်ယွီ ပွေ့ချီပြီး ခေါ်လာခဲ့ပါနော်"

ကျောက်ရှောင်ယွီက ရယ်မောလိုက်ရင်း...

"အမယ်၊ ကျွန်မကိုများ ရှင့်အလုပ်သမား ကျနေတာပဲ၊ သယ်ချင်ရင် ကိုယ့်ဟာကိုယ် သယ်ခဲ့ပါလား ရော့"

သူမက လေစွမ်းအား သားရဲငယ်လေးကို ဆန်းလျန်ထံသို့ ပစ်ပေးလိုက်လေသည်။ သားရဲလေးမှာ ကြောက်ရွံ့ နေလေသည်။

လေစွမ်းအား သားရဲမှာ လေအသွင် ပြောင်းနိုင်သည့် စွမ်းအား ရှိလေသည်။ ထို့ကြောင့်သူက ကျောက်ရှောင်ယွီသူ့ကို ဆန်းလျန်ထံသို့ ပစ်ပေးလိုက်သည်နှင့် လေအသွင် ပြောင်းလဲကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော်... သူ၏ အကြံအစည် မအောင်မြင်ခဲ့ပါ။ သူ့ကို သံမဏိ နံရံတစ်ခုက ပိတ်ဆို့ထားသလို ခံစားလိုက်ရလေသည်။ သံမဏိနံရံနှင့် တိုက်မိပြီး သားရဲလေးမှာ ခေါင်းမူး သွားရလေသည်။ ဆန်းလျန်က လေကို ပိုက်ကွန် အသွင်ပြောင်းလဲကာ သတ္တဝါလေးကို ဖမ်းဆီးလိုက်ပြီး ပွေ့ချီ လိုက်လေသည်။

သားရဲလေးမှာ မလွတ်မြောက် နိုင်တော့သည့် အတွက် တအီအီ ညည်းညူ နေလေတော့သည်။ သူ၏ အနက်ရောင် မျက်ဝန်းများမှာ စိုးရိမ်မှုများဖြင့် ပြည့်နေပြီး မျက်ရည်များပင် ဝဲနေလေသည်။

သူ့ကို ရင်ခွင်ထဲတွင် ပွေ့ချီထားသည့် လူငယ်သည် လေပေါ်သို့ ပျံသန်း ထွက်ခွာသွားပြီး သူ၏ မွေးရပ်ဒေသမှ အမည်မသိ တစ်နေရာသို့ သူ့ကို ခေါ်ဆောင် သွားခဲ့လေပြီ။

ဆန်းလျန်နှင့် ကျောက်ရှောင်ယွီမှာ ဘေးချင်းယှဉ် ပျံသန်းနေကြပြီး ကျောက်ရှောင်ယွီက လေစွမ်းအား သားရဲလေးကို တစ်ချက် စောင်းကြည့်လိုက်သည်။ သူမက အကြင်နာတရား ကင်းမဲ့သူ တစ်ယောက် ဖြစ်သည့်တိုင် မိန်းကလေးတို့ သဘာဝအတိုင်း သတ္တဝါလေးကို သနားနေမိလေသည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 2) (Myanmar Translation)Where stories live. Discover now