Book 18 Chapter 245

114 18 1
                                    

Uni

အခန်း (၂၄၅) မြစ်စောင့်နတ်သမီး

သို့သော် ကျောက်ရွှမ်မှာ ဘုရင်တစ်ပါး ဖြစ်သည့် အတွက် ဣန္ဒြေ ချက်ချင်း ဆည်လိုက်လေသည်။ သူက အတွေ့အကြုံ အလွန်များသည့် ဧကရာဇ် တစ်ပါး ဖြစ်သည့်အတွက် သူ၏ တည်ငြိမ်မှုမှာ ကျင့်ကြံသူများထက် မသာလျှင်တောင်မှ မလျော့ပေ။

သူက ရွှေရောင်ဝတ်ရုံကို အသာ ပင့်တင်လိုက်ပြီး လက်ဖက်ရည် ပန်းကန်ကို ပြန်ချထားလိုက်ရင်း...

"ဘာလို့ ဒီလို ပြောရတာလဲ"

ဟု တည်ငြိမ်စွာဖြင့် မေးလိုက်လေသည်။

ဆန်းလျန်က ကျောက်ရွှမ်ကို အကဲခတ် နေလေသည်။

မတွေ့ဆုံရသည်မှာ ကြာပြီ ဖြစ်သည့်တိုင် ကျောက်ရွှမ်မှာ လေးစားစရာ ကောင်းဆဲ ဖြစ်လေသည်။ ကျောက်ရွှမ်မှာ ဘုရင်တစ်ပါး ဖြစ်သော်လည်း ရက်စက် ကြမ်းကြုတ်သူ တစ်ယောက် မဟုတ်ပေ။ ဆုံးဖြတ်ချက် ခိုင်မာပြီး တည်ငြိမ် အေးဆေးသူ ဖြစ်လေသည်။ ကျောက်ရွှမ်သာ ကျင့်စဉ်လမ်းကို လိုက်မည်ဆိုလျှင် အောင်မြင်မှု ကျိန်းသေရမည် ဖြစ်လေသည်။ ထို့ကြောင့်ပင် တစ်ချိန်က ဘုရင်မကြီးသည် ကျောက်ရွှမ်ကို အိမ်ရှေ့စံ အရာပေးခဲ့ခြင်း ဖြစ်လေသည်။

ဘုရင်မကြီးမှာ ကျောက်ရှောင်ယွီနှင့် တိုက်ခိုက်ပြီးသည့် နောက်ပိုင်း ဒဏ်ရာ အပြင်းအထန် ရခဲ့သည့်အတွက် နဂါးစွမ်းအားကို အသုံးပြုနိုင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် ကျင့်စဉ် လမ်းတွင်လည်း အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရပြီး အာဏာကို လက်လွှတ် ခဲ့ရသည်အထိ ဖြစ်ခဲ့ရလေသည်။ သူမ၏ နဂါးစွမ်းအားသာ မဆုံးရှုံးလျှင် ဝန်ကြီး ယွိထျန်းလင်က သူမကို ဖိအားပေးပြီး ထီးနန်း ချနိုင်မည် မဟုတ်ပေ။

ကျောက်ရွှမ်မှာ ဘုရင်မကြီး ထက်ပင်ပိုပြီး တည်ငြိမ်သူ ဖြစ်လေသည်။ အာဏာ ရယူပြီးသည့် အချိန်တွင်ပင် ဝန်ကြီးများနှင့် အိမ်ရှေ့စံ ပူးပေါင်း ကြံစည်သည့် ပုံစံမျိုး မဖြစ်ရလေအောင် ဝန်ကြီး ယွိထျန်းလင်ကို ရာထူးမှ အနားပေးလိုက်သည်။ အခြားသူများကတော့ သူ့ကိုအေးစက်ပြီး အကြင်နာတရား ကင်းမဲ့သူဟု ပြောကြမည် ဖြစ်လေသည်။ သို့သော် ထိုသို့ ပြုလုပ်လိုက်ခြင်းက ယွိထျန်းလင်ကို ကာကွယ် ပေးလိုက်ခြင်း ဖြစ်သလို ထီးနန်း အာဏာလုချင်သည့် အခြားများကိုလည်း ငြိမ်သက်အောင် ထိန်းချုပ်လိုခြင်းပင် ဖြစ်လေသည်။ ကျောက်ရွှမ်ကဲ့သို့ ဆင်ခြင်ဉာဏ် ရှိသူသည် ဘဝတွင် ခပ်မြန်မြန် ကျဆုံးမည့်သူ တစ်ယောက် မဟုတ်ပေ။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 2) (Myanmar Translation)حيث تعيش القصص. اكتشف الآن