Book 23 Chapter 317

101 7 0
                                    

Uni

အခန်း (၃၁၇) ထွက်ခွာသွားခြင်း

ရော့ရှီလေးသည် နတ်ဘုရားအဘိုးအိုနှင့် အတူ လောကတစ်ခွင် လှည့်လည် သွားလာနေခဲ့သည်မှာ နှစ်အနည်းငယ်ပင် ကြာခဲ့ပြီ ဖြစ်လေသည်။ နတ်ဘုရား အဘိုးအိုသည် သူ၏ တန်ခိုးစွမ်းအားများနှင့် ကျင့်စဉ်လမ်းများ အားလုံးကို ရော့ရှီလေးကို တစ်ခုမကျန် လက်ဆင့်ကမ်း သင်ကြား ပေးခဲ့လေသည်။ ရော့ရှီလေးသည် နတ်ဘုရား အဘိုးအိုကို သူမ၏ အဘိုးအရင်း သဖွယ် တွယ်တာနေပြီ ဖြစ်သည်။

ဆေးဖိုကြီးထဲတွင် အဘိုးအို ဖော်စပ်နေသည့် ပြဒါးဆေးသည် သူမအတွက် ဖော်စပ်နေခြင်း ဖြစ်ကြောင်း ရော့ရှီ သိရှိထားလေသည်။ သူမရင်ထဲတွင် ပြောမပြတတ်လောက်အောင် ဝမ်းနည်း နေမိလေသည်။

ဆေးဖိုအတွင်းမှ ပြဒါးဆေးဖော်စပ် ပြီးသွားသည်နှင့် နတ်ဘုရား အဘိုးအိုမှာလည်း သေဆုံးရမည် ဖြစ်လေသည်။

နတ်ဘုရား အဘိုးအိုက “သူသည် လွန်ခဲ့သည့် နှစ်ပေါင်းသုံးရာကပင် ထွက်ခွာ သွားသင့်သူ ဖြစ်ကြောင်း” ရော့ရှီကို ပြောပြထားခဲ့သည်။ အဘိုးအို၏ မြင့်မားလှသည့် တန်ခိုး စွမ်းအားကြောင့်သာ ဘဝကို တောင့်ခံ ထားနိုင်ခြင်း ဖြစ်လေ သည်။

သူ့ဘဝတွင် အမှားကြီး တစ်ခုကို ပြုလုပ်ခဲ့ပြီး နောင်တရသည့် အချိန်တွင် အလွန်ပင် နောက်ကျ သွားခဲ့လေပြီ။

ယခုတော့ အဘိုးအိုသည် အမှန်တကယ် ထွက်ခွာ သွားတော့မည် ဖြစ်လေသည်။

အဘိုးအို၏ ခန္ဓာကိုယ်သည် ပေါက်ကွဲ ထွက်နေပြီး သွေးများက စီးကျနေလေသည်။ အဘိုးအို၏ ပုံသဏ္ဌာန်မှာ ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး မျက်တွင်း ဟောက်ပက်နှင့် ကြောက်မက်ဖွယ်ရာ ဖြစ်နေလေသည်။ သို့သော် သူ၏ မျက်ဝန်းများကတော့ ငြိမ်းချမ်းမှုနှင့် ဉာဏ်ပညာများ ပြည့်ဝနေဆဲ ဖြစ်လေသည်။

"ဒီပြဒါး ဆေးဖော် ပြီးသွားတာနဲ့ မိုးကောင်းကင် အပြစ်စီရင်မှုပါ တစ်ခါတည်း လိုက်လာလိမ့်မယ်၊ ဒါပေမယ့် သမီး  မကြောက်နဲ့နော်၊ ဘိုးဘိုးသင်ပေးထားတဲ့ တာအိုတရား ဓမ္မတွေကို အသုံးပြုပြီး ဘိုးဘိုးမှာ ထားတဲ့ အတိုင်းသာ တသွေမတိမ်း လုပ်ပါ၊ သမီးရဲ့ ပင်ကိုသိစိတ်ကို အသုံးချဖို့ မမေ့နဲ့"

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 2) (Myanmar Translation)Onde histórias criam vida. Descubra agora