Book 24 Chapter 328

101 16 0
                                    

Uni

အခန်း (၃၂၈) ကျင့်စဉ်လမ်းကိုနားလည်ခြင်း

"ကျုပ်တို့အားလုံးက ကျင့်ကြံသူတွေပဲ၊ သဘာဝတရားကို အလေးထားကြတဲ့ သူတွေပဲ မဟုတ်ဘူးလား၊ ကျုပ်က ချင်းရွှမ်နတ်တံခါးရဲ့ ဂိုဏ်းချုပ်ဆိုပေမယ့် ဘာကိုမှ ဖိအားပေးပြီး မလုပ်ခိုင်းပါဘူး၊ ဒီအလုပ်ကို မင်းတို့ ဆန္ဒရှိမှသာ လုပ်နိုင်ပါတယ်”

ထိုတပည့်၏ အမေးကို ဆန်းလျန်က ဖြေကြားလိုက်သည်။

ဆန်းလျန်၏ စကားကြားရမှ တပည့်များမှာ စိတ်သက်သာရာ ရသွားကြလေသည်။ အချို့ကျင့်ကြံသူများက ချင်းရွှမ် နတ်တံခါး၏ ဂုဏ်ပုဒ်ကို မသုံးဘဲ လူ့လောကသို့ သွားလျှင် အသက်အန္တရာယ် ရင်ဆိုင်ရမည်ကို စိတ်ပူနေကြလေသည်။

ဆန်းလျန်က တပည့်များ၏ ခံစားချက်များကို ဂရုစိုက်မနေတော့ပါ။

"ဘိုးဘိုးဟုန်၊ ကျွန်တော် ပေးထားတဲ့ တာဝန်ကို လုပ်ပြီးသွားပါပြီလား”

ဆန်းလျန်က ဟုန်ချန်းယာကို မေးလိုက်သည်။

ဟုန်ချန်းယာသည် ချင်းရွှမ် နတ်တံခါးတွင် အဆင့်မြင့် ဆရာသခင်တစ်ပါး ဖြစ်ပြီး ညာဘက်ခြမ်းရှိ ဒုတိယမြောက် ကြမ်းခင်း အဝတ်ထက်တွင် ထိုင်နေလေသည်။

လူတိုင်းက ဟုန်ချန်းယာထံမှ အဖြေကို အာရုံစိုက် နေကြလေသည်။ သူတို့က ဟုန်ချန်းယာကို ဂိုဏ်းချုပ်က မည်သည့် တာဝန်များ ပေးအပ်ထားသည်ကို သိချင်နေကြသည်။

ဟုန်ချန်းယာက မတ်တတ် ရပ်လိုက်ပြီး ဆန်းလျန်ကို ဦးညွှတ်လိုက်သည်။

"ဂိုဏ်းချုပ် ညွှန်ကြားတဲ့အတိုင်း အကုန် လုပ်ထားပါတယ်၊ တပည့်တွေရဲ့ အမွေဆက်ခံမှု အလိုက် ထည့်ဝင်ထားတဲ့ ဝိညာဉ် စွမ်းအား ပစ္စည်းတွေကို စာရင်း ပြုစုထားပါတယ်"

ဟုန်ချန်းယာက လက်ဖျောက် တစ်ချက် တီးလိုက်လေသည်။

ချင်းရွှမ် ခန်းမဆောင်ထဲတွင် အလင်းနံရံကြီး တစ်ခု ပေါ်လာပြီး ထိုအလင်းနံရံကြီးထက်တွင် စာရင်းတစ်ခုကို ဖော်ပြထားလေသည်။ တပည့်တစ်ဦးချင်းစီ၏ အမည်နှင့် သူတို့ အမွေ ဆက်ခံပိုင်ခွင့်ရှိသည့် ဝိညာဉ် စွမ်းအားပစ္စည်းများကို မှတ်တမ်း တင်ထားခြင်း ဖြစ်လေသည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 2) (Myanmar Translation)Where stories live. Discover now