Book 16 Chapter 218

122 17 0
                                    

Uni

အခန်း (၂၁၈) ပင်လယ်ရေအောက်

ဟွမ်ကျန်းမှာ ဆရာဖြစ်သူက တပည့်ငယ် အသစ်တစ်ယောက်ကို ယခုကဲ့သို့ ချီးကျူးနေသည့် အတွက် အံ့သြ သွားရလေသည်။ ဆန်းလျန်နှင့်ပင် နှိုင်းယှဉ်ပြီး ပြောသည့်အတွက် သိချင်စိတ်ပိုပြီး ပြင်းထန်လာရသည်။

ဟွမ်ကျန်းက ပြုံးလိုက်ရင်း...

"ဆရာက ဒီလောက် ချီးကျူးနေမှတော့ တကယ်တော်တဲ့ သူပဲဖြစ်ရမယ်၊ သူဘယ်မှာလဲ ဆရာ၊ ကျွန်တော် သူ့ကို တွေ့ချင်ပါတယ်"

"သူက လွန်ခဲ့တဲ့ ငါးနှစ်ကမှ ဂိုဏ်းထဲကို ရောက်လာတာ၊ ဒါတောင် အခု ဟိုင်သန်းအဆင့် တက်ရောက် နိုင်တော့မယ်၊ သူဒီလောက် မြန်မြန် အဆင့်တက်နိုင်တာ ကျုပ်စိုးရိမ်နေမိတယ်၊ ဒါကြောင့် ဂိုဏ်းတူ ညီလေး တုန်းဖုန်းအတွက် မီးထိုးတဲ့ အလုပ်လုပ်ပေးဖို့ သူ့ကို တာဝန်ပေးထားတယ်"

ယွိမင်နတ်ဘုရား၏ စကားကြောင့် ဟွမ်ကျန်းမှာ များစွာ အံ့သြသွားရပြီး...

"သူက ဆရာဦးလေး ပြဒါးဆေးဖော်တဲ့ ဖိုကိုတောင် မီးထိုးပေးဖို့ ကူညီနေပြီလား၊ ငါးနှစ်အတွင်း ဒီလောက်တောင် တန်ခိုး စွမ်းအားတွေ များလာတာ အံ့သြစရာပဲ"

ဟု ပြောလိုက်မိလေသည်။

တာအို ဆရာတုန်းဖုန်းမှာ သူ၏ ထိုက်ယွဲ့ သဏ္ဌာန်မှန် ပညာကြောင့် တန်ခိုးစွမ်းအား ကြီးမားသူ တစ်ဦးဖြစ်သလို ပြဒါးကိုလည်း ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သူ ဖြစ်လေသည်။ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ပြဒါးဆေး အားလုံးမှာ တာအိုဆရာ တုန်းဖုန်း၏ ဖိုဖြင့်ထိုးကာ ဖော်စပ်ထားခြင်း ဖြစ်လေသည်။ ထို့ကြောင့် ဆရာတုန်းဖုန်း၏ ဖိုကို မီးထိုးပေးရန်မှာ လွယ်သည့် ကိစ္စတော့ မဟုတ်ပေ။ တန်ခိုးစွမ်းအားများစွာ အသုံးပြုရလေသည်။

သို့သော် ထိုအလုပ်ကို လုပ်နိုင်ပါကလည်း ပြဒါးဖိုမှ ထွက်သည့် အစွမ်းများကို ရရှိနိုင်မည် ဖြစ်လေသည်။ ထိုပြဒါးဖိုမှ စွမ်းအားများသည် ကျင့်စဉ်လမ်း အတွက် များစွာ အထောက်အကူ ပြုလေသည်။ ခက်ခဲသော်လည်း အကျိုးရှိသည့် အလုပ်တစ်ခု ဖြစ်လေသည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 2) (Myanmar Translation)Donde viven las historias. Descúbrelo ahora