Book 22 Chapter 295

114 14 0
                                    

Uni

အခန်း (၂၉၅) ဒြပ်စင်စွမ်းအား ငါးမျိုးနှင့် ကင်းလွတ်သည့် ဖြစ်တည်မှု မရှိ

ဆန်းလျန်က တရားဟောခြင်းကို ခဏ ရပ်နားလိုက်ပြီး သင်ယူနေသူများ မှတ်သားချိန် ရရန် အချိန် ပေးလိုက် လေသည်။

ထိုအချိန် ခဏလေး အတွင်းမှာပင် ဆန်းလျန်က မျက်တောင် တစ်ချက် ခတ်လိုက်ပြီး ကျင်းချင်းဘက်သို့ လှည့်ကြည့် လိုက်သည်။

"ကျင်းချင်း၊ နတ်တံခါး အဝင်ဝမှာ လူတစ်ယောက် ရောက်နေတယ်၊ သူ့ကို သွားခေါ်လာခဲ့ပါ"

ကျင်းချင်းက ဆန်းလျန်ကို ဦးညွှတ်လိုက်ပြီး...

"ဂိုဏ်းချုပ်၊ အဲဒီ လူက ဘယ်လို ပုံစံမျိုးလဲ"

ဆန်းလျန်က ပြုံးလိုက်ပြီး လက်ညှိုးနှင့် လက်ခလယ်ကို လေထဲသို့ တစ်ချက် ညွှန်ပြ လိုက်သည်။ လေထဲတွင်တွင် လှိုင်းများ တစ်ချက် ထသွားပြီး မှန်တစ်ချပ် အလား ကြည်လင်သည့် မျက်နှာပြင် တစ်ခု ပေါ်လာလေသည်။ ထိုနေရာတွင် လူတစ်ယောက်၏ ပုံသဏ္ဌာန် ပေါ်လာလေသည်။

ဆန်းလျန်၏ တရားကို နာကြား နေကြသည့် တပည့်များ အားလုံးမှာ နတ်တံခါးအဝင်တွင် မတ်တတ် ရပ်နေသည့် လူတစ်ယောက်ကို မြင်တွေ့ လိုက်ရလေသည်။ သူတို့ အားလုံးက လေထဲတွင် မြင်ကွင်းကို ထင်ရှားစွာ ဖော်ပြနိုင်သည့် ဂိုဏ်းချုပ် ဖြစ်သူ၏ တန်ခိုးစွမ်းအားကို အထင်ကြီး လေးစား သွားမိ ကြလေသည်။

ဆန်းလျန်က ကြားခံနယ် တစ်ခုပင် အသုံးပြုခြင်း မရှိဘဲ မြင်ကွင်း ပုံရိပ်များကို ပေါ့ပေါ့ပါးပါးပင် ဖန်ဆင်း ပြနိုင်သည်မှာ အလွန်မှ လေးစား လောက်စရာ ဖြစ်လေသည်။ ဂိုဏ်းချုပ်သည် နတ်ဘုရား တစ်ပါး ဖြစ်လုနီးပြီဟု အားလုံးက တိတ်တဆိတ် တွေးမိ လိုက်ကြလေသည်။

ဆန်းလျန်မှာ ယုံမှား သံသယဖြစ်ခြင်း အဆင့်ကို ကျော်လွန်ခဲ့ပြီ ဖြစ်သည့် အတွက် နတ်ဘုရား တစ်ပါး ဖြစ်ရန်သိပ်ပြီး မလိုတော့ပေ။ မူလဝိညာဉ် ခန္ဓာရရှိရန် တစ်ခုသာ လိုအပ်တော့သည်။

ဆန်းလျန်သည် လွန်ခဲ့သည့် တစ်နှစ်ပတ်လုံး တောင်အောက်သို့ ဆင်းခဲ့ခြင်း မရှိပေ။ ချင်းရွှမ် နတ်တံခါးရှိ လျှို့ဝှက် နေရာတစ်ခုတွင် ကျင့်ကြံမှုများ ပြုလုပ် နေခဲ့လေသည်။ ထိုလျှို့ဝှက် နေရာမှာ ယခင်က နတ်ဘုရား တစ်ပါး နတ်ဘုရား အဆင့် တက်ရောက်ခဲ့ရာ နေရာဟောင်း တစ်ခု ဖြစ်လေသည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 2) (Myanmar Translation)Where stories live. Discover now