Book 18 Chapter 241

118 21 2
                                    

Uni

အခန်း (၂၄၁) ဓားတစ်လက်ထဲနဲ့ နေနဲ့လကို ဝါးမျိုပစ်မယ်

ကျန်းဟန်ယင်းက သူမလက်ကို ပြန်ချ လိုက်လေသည်။

သူမ ကိုယ်ထဲမှ ဓားဝိညာဉ်မှာ ပိုပြီး သိပ်သည်းလာပြီး အရပ် မျက်ရှစ်မျက်နှာမှ မထင်မှတ်ဘဲ ထွက်ပေါ် လာတော့မည့်အလား ထင်မှတ်ရလေသည်။

"ရှင်တို့ကလည်း လေစွမ်းအား သားရဲကို ဖမ်းဖို့ ဒီနေရာကို ရောက်လာကြတာလား"

ကျန်းဟန်ယင်းက ဆန်းလျန်ကို စိုက်ကြည့်ပြီး မေးလိုက်သည်။ သူမအကြည့်က သာမန်မျှသာ ဖြစ်လေသည်။

ဆန်းလျန်မှာ တောက်ပသည့် မျက်ဝန်းများနှင့် ချောမောလှပသော လူငယ်လေး တစ်ယောက်ဖြစ်ပြီး သူ့ထံတွင် အန္တရာယ်ပေးမည့် အရိပ်အယောင် မတွေ့မြင်ရပေ။ သို့သော် ကျန်းဟန်ယင်းက သူ့ကို လျှော့မတွက်ရဲပါ။ အဘယ်ကြောင့် ဆိုသော် ဆန်းလျန်မှာ ကြာပန်း ကိုးပွင့် ကျောင်းတော်မှ မိစ္ဆာမထက်ပင် ပိုပြီး တန်ခိုးစွမ်းအား ကြီးမားပုံ ရကြောင်း သူမ ခန့်မှန်း မိလေသည်။

ချွင်ယန် တာအိုနန်းတော်မှ ဂိုဏ်းတူ အစ်မ တစ်ယောက်အနေဖြင့် သူမသည် အထူးချွန်ဆုံးနှင့် ဉာဏ်ရည် အထက်မြက်ဆုံး ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။ သူမအနေဖြင့် တန်ခိုးစွမ်းအား မြင့်မားသည်ဟု ခန့်မှန်းသည့် သူမှာ အနည်းငယ်မျှသာ ရှိလေသည်။ စောစောကပင် သူမ သတ်ဖြတ်ခဲ့သည့် လူသုံးယောက်ထဲတွင် နတ်ဘီလူး ကျင့်စဉ် ကျင့်ကြံထားသည့် လူကိုသာ သူမက အနည်းငယ် အထင်ကြီး ခဲ့မိလေသည်။ ကျန်နှစ်ယောက်ကတော့ သူမအတွက် အသေးအမွှားပင် ဖြစ်လေသည်။

ကျောက်ရှောင်ယွီနှင့် ဆန်းလျန်မှာ မည်မျှပင် တန်ခိုးစွမ်းအား ကြီးမားပါစေ သူမထက်တော့ သာနိုင်မည် မဟုတ်ပေ။ လေစွမ်းအား သားရဲကို ဖမ်းဆီးသည့် အလုပ်မှာ သိပ်ပြီး ခက်ခဲသည့် အလုပ် မဟုတ်ပေ။ သို့သော် ယခုတော့ အခက်အခဲများစွာဖြင့် ရင်ဆိုင်ရပြီ။ "အခက်အခဲတွေ များတော့လည်း သိပ်မပျင်းရတော့ဘူးပေါ့" ဟု သူမ တွေးလိုက်မိလေသည်။

ချန်ကျန့်မေနှင့် ရင်မဆိုင်ခင် လက်ရည် သွေးသည်ဟုသာ သဘော ထားလိုက်မိသည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 2) (Myanmar Translation)Opowieści tętniące życiem. Odkryj je teraz