Book 26 Chapter 352

92 13 0
                                    

Uni

အခန်း (၃၅၂) စိတ်ဝင်စားဖွယ်ရာ အကြောင်းများ

ယခုတော့ ချင်းရွှမ်သည် လူ့လောကမှ ပြန်လည် ရောက်ရှိလာသည့် တပည့်များနှင့် စုရုံးကာ စည်စည်ကားကား ဖြစ်နေလေတော့သည်။

တပည့်အများစုသည် ယွိယန်တောင်ထိပ်တွင် စုဝေးကာ အတွေ့အကြုံများကို ဆွေးနွေး ဖလှယ်လေ့ ရှိကြလေသည်။

သူတို့မှာ လူ့လောကတွင် ကြုံတွေ့ခဲ့ကြသည့် အတွေ့အကြုံများကို ပြော၍ မကုန်နိုင် ဖြစ်နေကြလေသည်။

ချိုးရှီမှာလည်း အခြားသော တပည့်များအလယ်တွင် စကားပြောနေလေသည်။

သို့သော်... သူ၏ အမူအရာများမှာ အလွန်ရင့်ကျက်လာပြီ ဖြစ်သည်။

သူသည်စကားလည်း သိပ်မပြောတော့ပေ။ ခရီးမှ ပြန်လာပြီး ကတည်းက သူ၏ အပြုအမူများမှာ ထူးခြားနေလေသည်။

တပည့်တစ်ယောက်က စကားစလိုက်သည်။

"ငါ့ အကြောင်းပြောရရင်တော့ အဟမ်း... အရှေ့ပင်လယ်ဘက်မှာ နှစ်တစ်ထောင် မှိုပွင့်ကြီး ရှာတွေ့ခဲ့တာကွ၊ ငါလည်း အဲဒီမှိုပွင့်ကြီးကို ခူးမယ်လည်းလုပ်ရော အရှေ့ပင်လယ် ကျင့်ကြံသူ ခုနစ်ယောက်ထဲက ယန်ရှန်းနဲ့ တည့်တည့် တိုးတော့တာပဲ၊ ငါက ဂိုဏ်းချုပ်ရဲ့ စကားအတိုင်း ချင်းရွှမ်နတ်တံခါးက ဆိုတာ ပြောမပြဘူးလေ၊ ပင်လယ်ရပ်ခြားက ကျင့်ကြံသူတွေ သိက္ခာရှိကြတယ် ဆိုတာ အလကားပါကွာ၊ ငါ့ကိုမြင်တာနဲ့ အဲဒီ ယန်ရှန်းက ငါ့ကို ဘယ်ဂိုဏ်းကလဲလို့ တန်းမေးတာပဲ၊ ငါကလည်း ပုံမှန်မဟုတ်တဲ့ ကျင့်ကြံသူ တစ်ယောက်ပါလို့လည်း ပြန်ဖြေလိုက်ရော ငါ့ကို သူ့ဓားနဲ့ ချိန်ထားတော့တာပဲ၊

ဘယ်ရမလဲ၊ ငါတို့ နှစ်ယောက်တိုက်ပွဲက တော်တော်ပြင်းထန်တာ၊ နောက်ဆုံးတော့ ငါ့ရဲ့မိုးကြိုး လက်ဝါးသိုင်းကွက်နဲ့ တွေ့ပြီး လှုပ်တောင် မလှုပ်နိုင်တော့ဘူး၊

ဟွန်း... ငါတို့လို ချင်းရွှမ်နတ်တံခါးက တပည့်တွေကို ဘယ် ဒီလို လာစမ်းလို့ ရမလဲ၊ နှစ်တစ်ထောင်မှိုပွင့် လိုချင်တာနဲ့ပဲ အနိုင်ကျင့်ချင်နေတဲ့ ကောင်တွေ၊ ပုံမှန်မဟုတ်တဲ့ ကျင့်ကြံသူတွေကို သူ အဲဒီလို အနိုင်ကျင့်နေတာ ကြာလှပြီ၊ အဲဒီလို သူများတွေကို နောက်ထပ် အနိုင်ကျင့်လို့ မရအောင် ငါက တစ်ခါတည်း သုတ်သင်ပေးလိုက်တယ်၊ အမလေး၊ အဲဒီ အဖြစ်အပျက်က ငါ့ဘဝမှာ ပထမဆုံး လူသတ်ဖူးတာပဲ"

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 2) (Myanmar Translation)Tempat cerita menjadi hidup. Temukan sekarang