Ep 2

4.9K 286 24
                                        

"ဦးစက် ဦးစက် ဦးစက်...."

"ကိုယ်နားကန်းမနေဘူး၊ တစ်ခါခေါ်တာနဲ့ကြားတယ်"

အလုပ်ခန်းထဲသို့ ခွင့်မတောင်းဘဲဝင်လာသူ ဉာဏ့်ကို စိတ်တိုတိုဖြင့် ဟောက်ထည့်လိုက်သည်။ ဉာဏ်ကတော့ ဉာဏ်ပါပဲ။ သူ့ကို ဟောက်လိုက်တာလားလို့တောင် သတိထားမိပုံမပေါ်။

အခန်းဝ၌ မတ်တပ်ရပ်နေသော ဉာဏ့်ကို ကြည့်ရင်းမှ စကားထပ်ဆိုမိသည်။

"ပြော"

"ဟိုလေ အငယ်ကောင်နဲ့လေ ဈေးထဲလိုက်သွားတာ အစောက"

"အဲ့ဒါကိုယ်သိတယ်လေ"

"အဲ့ကအခုပြန်လာတာ လမ်းမှာ ခွေးမကြီးသားပေါက်နေတာတွေ့ခဲ့တယ်"

စက်နေဟိန်း လက်ထဲမှ နှုတ်ခမ်းနီတောင့်ကို အသာချလျက် အလုပ်အတွက်တပ်ထားရသော မျက်မှန်ကိုချွတ်ပြီး ဉာဏ့်အနားသို့ လျှောက်လာသည်။

"ခွေးမွေးချင်နေတယ်မလား"

"ဟုတ်တယ်၊ အငယ်ကောင်က ခေါ်မသွားရဲဘူးပြောလို့ ဦးစက်ကို သားလာပြောတာ"

"မမွေးရဘူး"

ပြတ်သားလှသောစကားအောက်တွင် ငြိမ်သွားမည်ဟု ထင်နေသော်ငြား ဉာဏ်က ရုတ်တရက်ရယ်လာသည်။ စက်နေဟိန်းက မျက်မှောင်ကုပ်ကြည့်တော့....

"ဦးစက် အဲ့လိုပြောမယ်မှန်းသိလို့ သားတစ်ခါတည်းခေါ်လာပြီးပြီဗျ၊ လိုက်ကြည့်ဖို့ အခုက လာခေါ်တာ ဟား ဟား"

စံအိမ်မှာ ခွေးမမွေးရဘူးဆိုသည့် စည်းကမ်းကိုဖောက်ဖျက်သူက ဉာဏ်ရှင်စောသာဖြစ်လိမ့်မည်။ အခုလည်းကြည့် တစ်ပတ်ရိုက်ရလို့ပျော်နေတဲ့အထာနဲ့ အူလှိမ့်ပြီးကိုရယ်နေတာ။

"ဉာဏ်....ကိုယ့်စကားတွေက ဉာဏ့်နားထဲ အရေးမပါဖြစ်နေတာလား"

"မဟုတ်ဘူး ဦးစက်ရဲ့၊ ဦးစက်စကားတွေကို သားနားထဲအသေချာကြားတာပေါ့၊ အခုက ဦးစက်ကို လူသားဆန်စေချင်တာပါ၊ လာ လာ လိုက်ကြည့်ကြည့်၊ ချစ်စရာလေးတွေ"

ဉာဏ်သည် ပြောပြောဆိုဆိုပင် စက်နေဟိန်းလက်ကို အတင်းဆွဲကာ အိမ်ရှေ့သို့မရောက်ရောက်အောင် ခေါ်ထုတ်လာသည်။ ဂျူးနဲ့တိုင်မှဖြစ်တော့မယ်ဟုတွေးရင်းသာ စက်နေဟိန်းသည် လင်တော်မောင်လေးခေါ်ရာသို့ ပါလာရသည်။

ညံနေအောင်ချစ်မည် (loving you out loud)Where stories live. Discover now