Ep 33

2.1K 130 9
                                        

မနက်စောစောထမည်ဆိုသည့် ဘိုးတော်လေးသည် ကုလားသေကုလားမော အိပ်ပျော်နေလေ၏။ ခြေထောက်နှစ်ချောင်းကလည်း တစ်ဖက်နှင့်တစ်ဖက် တိန်ညင်နဲ့ သန်လျင်လောက်ကွာအောင် ဖြဲကားထားသည်။ အင်္ကျီကလည်း အပေါ်တက်လှန်နေကာ ဗိုက်လုံးလုံးလေးက ထွက်နေသည်။

ဤသည်ကို လက်ပိုက်ကာကြည့်နေသူမှာ စက်နေဟိန်း။ သူ့လင်တော်မောင်လေး၏ မနက်ခင်းအလှကို ရှူစားနေဟန်ရှိ၏။

"ကဲ မနက်ကျရင် ဟိုဟာလုပ်မယ်၊ ဒီဟာလုပ်မယ်ဆိုပြီး မျက်လုံးတောင်မပွင့်ပါ့လား"

"ဟာ...."

သူအိပ်နေတာ နားညီးတယ်ဆိုသည့်ပုံစံမျိုးလုပ်ပြီး ဉာဏ်တစ်ယောက် တစ်ဖက်သို့လှည့်ကာ ခွေခွေလေး ပြန်အိပ်လိုက်သည်။

"ကဲ ထ၊ ရှဉ့်လေးတွေ အစာကျွေးမယ်ဆို"

တင်ပါးကိုပုတ်ရင်းနှိုးတော့ ဉာဏ်က တင်ပါးပေါ် လက်ကာထားသည်။

"မလိုက်ချင်တော့ဘူး၊ ကိုယ့်ဘာသာကျွေးလိုက်...."

အီလေးစွဲရင်းပြောလာသော ဉာဏ့်ကိုကြည့်ပြီး စက်နေဟိန်းပြုံးလိုက်မိ၏။

"ဒါဆို ကိုယ်သွားပြီနော်"

"အင်း...."

တကယ်မလိုက်တော့တာကို သိသောကြောင့် စက်နေဟိန်းသည် ဉာဏ့်ပါးကိုနမ်းကာ အခန်းထဲမှ ထွက်လာခဲ့၏။

"သူ့အရှင်နိုးပြီပဲ၊ ကျွန်မ ကော်ဖီဖျော်ပေးရမလား"

အောက်ထပ်သို့ရောက်ရောက်ချင်း ရခိုင်မနှင့် တန်းတိုးသည်။

"ရတယ်၊ ပြန်လာမှပဲ ဉာဏ်နဲ့အတူမနက်စာစားတော့မယ်"

"ရှင်စောမနိုးသေးဘူးပေါ့"

"မနိုးသေးဘူး၊ ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့ မထနိုင်ဘူး"

"ရှင်စောလေးက ကလေးဆိုတော့လည်း သူအအိပ်မက်မှာပေါ့"

"ဒါနဲ့ မနက်စောစောစီးစီး ဈေးသွားဦးမလို့လား"

ရခိုင်မလက်ထဲ ဈေးခြင်းတောင်းကြီးတွေ့သည်နှင့် စက်နေဟိန်း အံ့ဩကာမေးလိုက်သည်။

"ဟုတ်တယ်၊ ဒီနေ့ ရှင်စောကို ပင်လယ်စာရခိုင်ချက်လေး ချက်ကျွေးမလို့လေ"

ညံနေအောင်ချစ်မည် (loving you out loud)Dove le storie prendono vita. Scoprilo ora