"ဦးစက် ဉာဏ် ရေခဲမုန့်စားချင်တယ်"
"အင်း....စားလေ"
စက်နေဟိန်းနှင့် ဉာဏ်တို့၏ သာယာသော Dateလေးဖြစ်သည်။ သို့ပေမယ့် စက်နေဟိန်းထင်သည့် Dateက ဆိုင်တစ်ဆိုင်ကိုသေချာသွား၊ တီတီတာတာတွေပြောရင်း စန္ဒယားသံ သို့မဟုတ် တယောသံလေးနားထောင်၊ ဒါမှမဟုတ်ရင်တောင် Five Stars hotelတစ်ခုခုသို့သွားကာ နှစ်ယောက်သား အပန်းဖြေဖို့ဖြစ်သည်။ ဒါတွေက သူသိခဲ့သော Dateဖြစ်ပြီး ယခု ဉာဏ်နှင့် Dateနေရတာက သားနောက်လျှောက်လိုက်နေရသော အဖေကြီးနှင့်တူနေလေပြီ။
ဟိုဆိုင်တွေ့လည်း စားမယ်၊ ဒီဆိုင်မြင်လည်း ဝင်မယ်နှင့် ထိုသို့စားပြီးပါက အရုပ်လိုက်ကောက်ပေးရန်၊ ရိုလာကိုစတာလိုက်စီးပေးရန်နှင့် ညဈေးတန်းပါ လမ်းလျှောက်ပေးရန်စသည့် အစီစဉ်များက တန်းစီလို့နေသည်။
"Mango ice creamစားမယ်၊ ဦးစက်ရော"
"ကိုယ်မစားတော့ဘူး"
"ဟင်...မကြိုက်ပြန်ဘူးလား"
ဉာဏ်က တအံ့တဩဖြင့် စက်နေဟိန်းကိုကြည့်ကာ မေးမိသည်။ အခုထိ ဝင်လာတာ လေးဆိုင်ရှိပြီဖြစ်သော်လည်း စက်နေဟိန်းဘာမှမစားသေးချေ။
"မကြိုက်တာမဟုတ်ပါဘူး၊ ကိုယ်မစားချင်တာ၊ အေးတာတွေစားရင် သွားကျဉ်လို့"
"အသက်ကစကားပြောတာပေါ့၊ အဲ့ဆို Mango ice creamခွက်ကြီးပေးပါနော်၊ ဟို sprinklers toppingလေးတွေများများနဲ့ creamလေးလည်းများများ ဟီး"
ဝန်ထမ်းကောင်မလေးက ဉာဏ်ပြောနေတာကို သဘောကျ၍ ရယ်မိသွားသည်။ ထို့နောက် စက်နေဟိန်းနှင့် ဉာဏ်တို့ဆက်ဆံရေးကိုလည်း သဘောကျ၍ထင် ပြုံးစိစိလုပ်ကာ ထွက်သွား၏။
"ဉာဏ့်ဗိုက်ထဲမှာ လမ်းကြိတ်စက်များရှိနေလား"
"ဟင်"
ရုတ်တရက်မို့ ကြောင်အသွားသော်ငြား နားလည်သွားတော့ ဉာဏ်ရယ်လိုက်ရင်း....
"ဒါ လယ်ဗယ်ဝမ်းနော်၊ ရာဇာနဲ့ဆို paydayရောက်ပြီဆိုတာနဲ့ ညဈေးတန်းက ဆိုင်မှန်သမျှ အကုန်ဆွဲတာ၊ ပြီးတော့ နည်းနည်းလည်းသောက်တာပေါ့ ဟီးဟီး နည်းနည်းပဲ၊ ဉာဏ်က နည်းနည်းသောက်တာနဲ့ကို များများပြောတယ်"
DU LIEST GERADE
ညံနေအောင်ချစ်မည် (loving you out loud)
RomantikCompleted!! Age Gap (BoyxBoy) Marriage Life! Cover Art_ Adder Aries (Canvas) Started date_ Wed, Dec 8th, 2021
