Ep 12

2.7K 165 17
                                        

"ဒေါ်လုံးမ ခဏလာပါဦး"

မနက်စာစားရန် ထမင်းစားခန်းသို့ အရင်ရောက်နေသော စက်နေဟိန်းက မီးဖိုချောင်၌ ပန်းကန်များဆေးနေသည့် ဒေါ်လုံးမကို အခေါ်ရှိလိုက်သည်။

"ဟုတ်ကဲ့ ဆရာ"

စက်နေဟိန်းအသံကြားသည်နှင့် ဒေါ်လုံးမတို့ ရင်တထိတ်ထိတ်ဖြစ်နေမည်မှာ ဧကန်ပင်။

"ဒီအချိန် ခင်ဗျားတို့ရွာပြန်ပြီး မြေပဲပြန်စိုက်စားရင်တောင်အဆင်ပြေလောက်ပြီ။ ကျွန်တော်လုပ်ပေးထားတဲ့ အရင်းအနှီးအချို့လည်းရှိတာဆိုတော့ အခုနှုတ်ဆက်တဲ့အနေနဲ့ ထပ်ထုတ်ပေးလိုက်မယ်။ ဒီနေ့ပဲ အထုပ်အပိုးသေချာပြင်ထားပြီး မနက်ဖြန်မနက် ရွာပြန်တော့"

"ရှင်....."

စက်နေဟိန်း၏ ယတိပြတ်စကားကြားပြီး ဒေါ်လုံးမတို့မိုးပြိုသွားပြီဖြစ်သည်။ စက်နေဟိန်းက ဘာဆက်ဖြစ်မည်ကြိုသိသည်ထင်....လက်ဝါးကာပြထားလိုက်ကာ....

"အသနားလည်းလာမခံနဲ့၊ ငါခွေးလိုမောင်းချနေတာမဟုတ်ဘူး၊ လူသားဆန်ဆန်ပဲ ထွက်သွားခိုင်းနေတာဖြစ်လို့ ဒီတိုင်းသာ ထွက်သွားပါ"

"‌ကောင်လေးကို ကျွန်မကောင်းကောင်းဆက်ဆံပါ့မယ်ဆရာရယ်၊ ကျွန်မအမှားကိုသိပါပြီ၊ အခုလိုတော့ မနှင်ပါနဲ့"

"ကောင်လေး ဟုတ်လား၊ ဪ ဟော....ဆရာကတော်လို့ ခေါ်ရတာ နှုတ်ကျိုးနေတော့ ငါယူထားတဲ့ယောက်ျားကိုတောင် ဆရာလို့ မခေါ်နိုင်ဘူးပေါ့၊ အဲ့လိုပုံစံနဲ့ ဘာအမှားတွေကိုသိတာလဲ ဒေါ်လုံးမ၊ တော်...တော်...ငါနောက်ထပ်ဘာမှ မကြားချင်တော့ဘူး"

ထိုစဉ် ဉာဏ်က ဖုန်းလေးကိုင်ပြီး ထမင်းစားခန်းသို့ ပြေးဝင်လာသည်။ ပြေးဝင်လာသည်ဆိုတာ စက်နေဟိန်းတို့စကားဝိုင်းကိုကြား၍ မဟုတ်။ သူ့ဘာသာ အလောတကြီးရောက်လာခြင်းပင်။

"ဉာဏ်ရေ...ထမင်းစားခန်းထဲကို အဲ့လိုပြေးမလာရဘူးလေ"

ထိုင်တော့မည့် ဉာဏ်က သူအဆူခံထိသွားတာလားဆိုသည့်ပုံဖြင့် စက်နေဟိန်းမျက်နှာကိုလှမ်းကြည့်မိသည်။

"ထမင်းစားခန်းထဲပြေးလာတာမျိုးလုပ်ရင် ထမင်းငတ်တတ်တယ်၊ ထမင်းမစားရတဲ့သူတွေက အဲ့လိုပြေးလွှားနေရတာ ဉာဏ်မြင်ဖူးတယ်မလား"

ညံနေအောင်ချစ်မည် (loving you out loud)Where stories live. Discover now