Ep 28

1.2K 106 18
                                    

မျက်လုံးဖွင့်ကာစ ဉာဏ့်မျက်လုံးထဲတွင် အဖြူအမည်းပုံရိပ်များက ရောသွမ်းနေသည်။ ဘယ်အရာကိုမှ ကြည်ကြည်လင်လင် ပြတ်သားစွာ မမြင်ရသဖြင့် ဉာဏ့်လက်ဖဝါးလေးထဲတွင် ချွေးစီးလေးများပျံလာသည်။

"ဦး စက်"

တစ်လုံးချင်းစီ တိကျပြတ်သားစွာ ခေါ်လိုက်သော တိုးညှင်းသည့်အသံလေးသည် စက်နေဟိန်းခေါင်းကို ဆတ်ခနဲထောင်လာစေသည်။

"ဉာဏ်....ဉာဏ် ကိုယ်ရှိတယ်"

စက်နေဟိန်းသည် ဉာဏ့်လက်ကို ဆုပ်ကိုင်ထားပေးကာ နဖူးလေးပေါ် လက်တင်ထားပေးသည်။

"ခဏလေးနော် ကိုယ် နာ့စ်တစ်ယောက်ကို ခေါ်လိုက်ဦးမယ်"

"မသွားပါနဲ့"

ဉာဏ်က ကလေးတွေလို စက်နေဟိန်းလက်ကို ပြန်ဆွဲထားသည်။ စက်နေဟိန်းလည်း လန့်သွားကာ ဉာဏ့်နဖူးလေးကို ခပ်သာသာဖြင့် ဆက်တိုက်ပွတ်သတ်ပေးနေကာ စိတ်အေးအောင်လုပ်ပေးနေသည်။

"ဦးစက်..."

"ကိုယ်ရှိတယ်နော်၊ ဉာဏ် ဘာလိုလဲ ကိုယ့်ကိုပြော"

"ရေ သောက်ချင်တယ်"

"အင်း ကိုယ်ရေတိုက်မယ်နော်၊ ခဏလေး ကိုယ် ထူပေးမယ်နော်၊ ကိုယ်ရှိတယ် ဘာမှမဖြစ်ဘူးနော်"

စက်နေဟိန်းသည် ဖန်ရေပုလင်းရှိရာဆီ စားပွဲကိုပြေးကာ ရေတစ်ခွက်အမြန်ခပ်ယူပြီး ဉာဏ့်ဆီပြန်ရောက်လာသည်။ ထို့နောက် ဉာဏ့်ကို ပွေ့ချီ၍ ထိုင်စေကာ ဉာဏ်သောက်ချင်သောရေကို တိုက်ပေးသည်။

"မာမီရော"

ဉာဏ်က ရေခွက်လေးကိုင်ထားရင်း တစ်လက်စတည်း စက်နေဟိန်းလက်ကိုပါကိုင်ထားကာ မေးသည်။

"ဂျူးကို ဉာဏ်သတိရမှ ဖုန်းဆက်မလို့လေ၊ ကိုယ်က စိတ်မပူစေချင်လို့ပါ၊ အခုဆက်ချင်လား ဉာဏ်က"

"အင်း"

"ဒါဆို ခဏလေးနော်၊ ကိုယ် နာ့စ်ခေါ်ပြီးရင် ဂျူးဆီဆက်ပေးမယ်နော်"

"အင်း"

ထို့ကြောင့် စက်နေဟိန်းသည် အခန်းပြင်သို့ထွက်ကာ တာဝန်ကျနာ့စ်တစ်ယောက်အား အခေါ်ရှိလိုက်သည်။ ဉာဏ့်ကို နေလင်းထက်ထိုင်သည့် ညနေအထူးကုဆေးခန်းသို့ ခေါ်လာခြင်းဖြစ်သည်။ ဉာဏ်က အားနည်းကာ နှလုံးလေဟပ်သွားခြင်းဖြစ်သည်။ ထို့ကြောင့် အနားသေချာပြန်ယူလျှင် အဆင်ပြေသည်ဟု နေလင်းထက်ကပြောသည်။

ညံနေအောင်ချစ်မည် (loving you out loud)Donde viven las historias. Descúbrelo ahora