Ep 6

3.4K 220 30
                                        

မနက်ခြောက်နာရီအတိ၌ နိုးလာသောစက်နေဟိန်းတစ်ယောက် လစ်ဟာနေသော လက်မောင်းကြားကိုကြည့်မိတော့ ဉာဏ်ကရှိမနေ။ သူကိုယ်တိုင်လည်း ထရမှာမို့ မျက်လုံးများကို ပွတ်သပ်ကာ ခဏထိုင်နေလိုက်သည်။

ထိုအချိန် ဉာဏ်က မျက်နှာသစ်ပြီး လန်းဆန်းနေသောအသွင်ဖြင့် ရေချိုးခန်းထဲမှ ထွက်လာသည်။

"အထူးအဆန်း အစောကြီးနိုးနေပါ့လား"

"ဒီနေ့ အလုပ်ကိုပြန်သွားဖို့ သူငယ်ချင်းဆီအရင်သွားမှာမို့လို့ပါ"

စက်နေဟိန်း တခဏမျှ ဉာဏ့်ကို ကြည့်နေသည်။ ဉာဏ်ကလည်း သူ့ကိုဘာလို့ အဲ့လောက်ကြည့်နေတာလဲဆိုသည့်ပုံဖြင့် ပြန်ကြည့်နေမိသည်။

"ကိုယ်လိုက်ပို့မယ်"

"ရ...."

"မရဘူး၊ လိုက်ပို့မယ်"

စက်နေဟိန်းတစ်ယောက် ဉာဏ့်စကားတောင်ဆုံးအောင်မစောင့်လိုက်၊ ရေချိုးခန်းထဲသို့ ဝင်သွားသည်။ ဉာဏ်လည်း တစ်ကိုယ်တည်း ပုခုံးတွန့်ကာ လိုက်ပို့လည်းကောင်းတာပေါ့ဟုသာ တွေးလိုက်၏။

စက်နေဟိန်း မှန်ရှေ့၌ရပ်ရင်း သွားသာတိုက်နေတာ စိတ်က တောင်ရောက်မြောက်ရောက်ဖြစ်နေသည်။ ပထမအိမ်ထောင်တုန်းက မော်ဒယ်မလေးဖြစ်သည်။ တစ်နှစ်နီးပါးတွဲခဲ့ပြီး လက်ထပ်ခဲ့ကြသည်။ မော်ဒယ်ဆိုတော့ သိသည့်အတိုင်း photo shootingတွေက မနည်းမနှော၊ သည်ကြားထဲ ဟိုယောက်ျားလေးနဲ့ဖက်ရိုက်ရ၊ မပေါ်တပေါ်တွေဝတ်ရိုက်ရဆိုတော့ ကြာလာသည့်အခါ စက်နေဟိန်းစိတ်နဲ့မဖြစ်။ ကိုယ့်ဥမို့ကိုယ်တိုသည်ဆိုသည့်အတိုင်း အလုပ်မလုပ်ရန်တားသည်။ တားရင်းနဲ့မှ နောက်မီးလင်းနေခဲ့မှန်း စက်နေဟိန်းမိသွားသောအခါ ပြဿနာများအကြီးကျယ်တက်ကာ ကွာရှင်းခဲ့သည်။

ဒုတိယအိမ်ထောင် ကံ့ကော်နှင့်တွေ့ဆုံခြင်းကတော့ ညစာစားပွဲတစ်ခု၌ တွေ့ကာ ရင်းနှီးခဲ့ကြခြင်းဖြစ်သည်။ ထိုအချိန်က ကံ့ကော်က မည်သည့်အလုပ်မျှ အခြေတကျမရှိ။ အဖေဖြစ်သူနှင့်လည်း ရင်းနှီးသောကြောင့် စကားကြောင်းလှမ်းရင်း ရေစက်ဆုံရပြန်သည်။ သို့သော် ကံ့ကော်နှင့်ကွဲရခြင်းက ကံ့ကော်သည် Beauty consultant သို့မဟုတ် influencerဖြစ်ချင်တာဖြစ်သည်။ ကံ့ကော်က သူ့အိပ်မက်များပျက်စီးမခံနိုင်၍ စက်နေဟိန်းနှင့်ကွာရှင်းခြင်းဖြစ်ပြီး သူမနဲ့ စက်နေဟိန်းကြားထဲ မည်သည့်ပြဿနာကြီးကြီးမားမားမှမရှိ။

ညံနေအောင်ချစ်မည် (loving you out loud)Où les histoires vivent. Découvrez maintenant