"ငါထင်တော့ထင်တယ်၊ မနေ့တည်းက မာမီနဲ့ ဦးစက်က ဒီကိစ္စလုံးဝမဟဘူးဆိုတည်းက တစ်ခုခုပဲဆိုတာ"
ဉာဏ်နှင့်ရာဇာတို့ သူဌေးနဲ့တွေ့ပြီးအပြန် စကားစမြည်ပြောလာကြခြင်းဖြစ်သည်။ ရာဇာ့အတွက်ကလည်း တစ်ဖက်မှ အော်စကာ့အဖေက ပြောပေးထားပြီး ဉာဏ့်အတွက် စက်နေဟိန်းနှင့်ဂျူးတို့က ပြောထားပြီးသားပင်။
"ငါ အဲ့ကလေးလေးကို သေချာတားလိုက်တဲ့ကြားကနေ သူက လုပ်ဖြစ်အောင်လုပ်တယ်"
ရာဇာက အားနာသလိုလို၊ ဒေါသဖြစ်သလိုလိုလေသံနှင့် ခေါင်းခါရင်း ပြောသည်။
"ငါတို့က ကံတက်နေတာလားပဲနော်"
"မင်းက မင်းယောက်ျားရှိတယ်ဆိုတော့ ထားဦး၊ ငါက ဘာလို့လဲ"
"မင်းကလည်း မင်းကိုသူက စိတ်ပူလို့ပါကွာ၊ နောက်ပြီး သူက မင်းကိုသဘောကျနေတာလေ"
ရာဇာသည် စိတ်ပျက်နေသောအသွင်ဖြင့် ဉာဏ့်ကိုတစ်ချက်ကြည့်ရင်း.....
"ငါသူ့ကိုစိတ်မဝင်စားဘူးလို့ပြောလိုက်ပြီးပြီ"
"ဟာ....ဒီ ပေါက်လို့ပဲစားကတော့"
ဉာဏ်ကအသည်းယားပြီး ရာဇာ့ပုခုံးကို လက်ဖြင့်ချထည့်လိုက်သည်။
"မတတ်နိုင်ဘူး"
"အေး....မင်းကြည့်နေ၊ သူများနောက်ပါသွားမှ အသည်းငယ်မကျန်ခဲ့နဲ့"
ဉာဏ်၏ဆူပူများနှင့် တစ်နေ့တာဖြတ်သန်းရတော့မည်ဆိုတာကို ရာဇာသဘောပေါက်လိုက်ပါသည်။
.
.
.
.
.
.
ဉာဏ်နှင့်ရာဇာတို့ အလုပ်အောက်ထပ်သို့ရောက်လာချိန် ဝင်ပေါက်၌ အမျိုးသမီးတစ်ဦးကို ဉာဏ်ဖြတ်ခနဲတွေ့လိုက်ရသည်။ ထိုအမျိုးသမီးကလည်း ဉာဏ့်ကို မြင်နေသည်။ မဆိုင်းမတွပင် ဉာဏ့်ရှေ့တည့်တည့်သို့ တစ်လှမ်းချင်းလျှောက်လာကာ.....
"အိုး....တိုက်ဆိုင်လိုက်တာနော်၊ မစ္စတာဟိန်းအမျိုးသားပါလား"
သူ(မ)ကတော့ အခြားသူမဟုတ်.... Aloha ပင်။ ဉာဏ်က သူ့မျက်နှာကို မီဒီယာပေါ်မြင်ဖူးထားရုံမက နာမည်ကြီးမော်ဒယ်ဖြစ်သောကြောင့် မျက်မှန်းမိလေသည်။
CZYTASZ
ညံနေအောင်ချစ်မည် (loving you out loud)
RomansCompleted!! Age Gap (BoyxBoy) Marriage Life! Cover Art_ Adder Aries (Canvas) Started date_ Wed, Dec 8th, 2021
