Ep 36

2K 131 13
                                        

"မာမီ...."

လသာဆောင်၌ လတ်ဆတ်သော လေပြေကို ခံစားရင်း ထိုင်နေသော မေရီမိုးစက်ဆီသို့ စက်နေဟိန်း ရောက်လာခဲ့သည်။ သားအမိနှစ်ယောက် စကားပြောရင်း သောက်ဖို့ပါ လက်ဘက်ရည်အိုး လင်ဗန်းကို သယ်လာခဲ့သည်။

"ဉာဏ်လေးရော"

"သူက ထုံးစံအတိုင်း ခွေးနဲ့တည့်နေတယ် မာမီရေ"

စက်နေဟိန်းသည် ပြောပြောဆိုဆိုဖြင့် ပုခုံးပေါ်တင်လာခဲ့သော ပုဝါအပါးတစ်ထည်ကို မေရီ့ကိုယ်ဆီ ခြုံပေးလိုက်သည်။

"အေးတယ်မာမီရဲ့၊ ဒီရက်ပိုင်း လေက စိမ့်နေတာ၊ ထိုင်မယ်ဆို ပုဝါလေးခြုံထား"

"ဘုရားရှိခိုးပြီး ဘုရားခန်းထဲ ပုဝါကျန်ခဲ့တယ်ထင်တယ်...."

မေရီက စက်နေဟိန်းကိုကြည့်ကာ ရယ်ရင်းပြောလိုက်သည်။ ထို့နောက် လက်ဘက်ရည်အိုးထဲမှ လက်ဘက်ရည်ကို ခွက်ထဲသို့ ငှဲ့နေသည်။

"ဒယ်ဒီ့ကို ရုတ်တရက်သတိရလာပြီ၊ သူလည်း ရှိမယ်ဆို မာမီ့ထက် ပြောမကောင်းဆိုမကောင်းပိုဖြစ်ဦးမှာ၊ မင်းမပြောနဲ့၊ ငါ့မိန်းမ ကြိုက်တာလုပ်ပါစေဆိုပြီး...."

"ဟား ဟား ဟား..."

သားအမိနှစ်ယောက်လုံး ရယ်ရယ်မောမောဖြစ်သွားကြကာ မေရီကတော့ သူ့ယောက်ျားကို သတိအရဆုံးဖြစ်လိမ့်မည်။

"သားဒယ်ဒီရှိမယ်ဆိုလည်း မာမီ့နောက် တကောက်ကောက်လိုက်နေမှာ...."

"ဟုတ်တယ်၊ ဒယ်ဒီက မာမီနဲ့သားဆိုရင်တောင် သားမေ့မယ့်ဒယ်ဒီပါ"

စားပွဲပေါ်လက်တင်ထားသော စက်နေဟိန်းလက်ကို မေရီက လှမ်းကိုင်ထားသည်။

"သားက မာမီ့အပေါ် တာဝန်ကျေပါတယ်၊ ဘယ်သူ့ကိုမှ မရွေးချယ်ဘဲ မာမီ့ကို ရွေးချယ်ထားလို့၊ ပြောမကောင်းဆိုမကောင်းမာမီ့ကို အရမ်းသည်းခံလို့...."

"ဒါပေမယ့် သားစကားကို နောက်ဆို ပိုနားထောင်ပါ၊ မာမီအရွယ်ငယ်တော့တာမဟုတ်ဘူးလေ....နော်"

"ဦးစက်ရေ....ကြီးကြီးရေ"

ခြံထဲပြေးလွှားနေရင်း စက်နေဟိန်းတို့ရှိရာဆီ လှမ်းကြည့်အော်နေသော ဉာဏ့်ကို တာ့တာလှမ်းပြရသေးသည်။ ခွေးများကြားထဲ သူတစ်ယောက်တည်း မြူးတူးနေတာဖြစ်သည်။ အငယ်ကောင်တောင် သူ့နောက်မလိုက်နိုင်တော့။

ညံနေအောင်ချစ်မည် (loving you out loud)Where stories live. Discover now