ကားပေါ်မှခြေချသည်နှင့် မကောင်းသော အငွေ့သက်များကို ပထမတစ်ခေါက်ကထက်ပို၍ ဉာဏ့်စိတ်ထဲ ခံစားမိနေသည်။ သို့သော် ဤနေရာ၌ ဒေဝီထိပ်ထားစံရှိသည်ဟူသော အသိဖြင့် ဉာဏ်သည် စက်နေဟိန်းလက်ကိုတွဲကာ သက္ကစက်အိမ်တော်ဝသို့ ရောက်ရှိလာခဲ့သည်။
"သူ့အရှင်ပါလား၊ အကြောင်းမကြား ဘာမကြား"
အိမ်ထဲဝင်လာတယ်ဆို ရေနွေးခွက်များဆေးကြောသန့်စင်ပြီးယူလာသော အိမ်ထိန်းနှင့် တန်းတွေ့သည်။
"မေမေကြီး ဘုရားခန်းထဲရောက်နေပြီထင်တယ်"
"မနက်စာစားပြီး တက်သွားတာ ကြာပြီ၊ ကျွန်တော် သွားခေါ်ပေးပါ့မယ်၊ သူ့အရှင်တို့ ထိုင်ကြပါဦးခင်ဗျ"
အိမ်ထိန်းသည် လက်ထဲမှ လင်ဗန်းကို စားပွဲပေါ်ချခဲ့ကာ မေမေကြီးရှိမည့် အပေါ်ထပ်သို့ အမြန်ပြေးသွားသည်။ ထိုစဉ် ဉာဏ်နှင့် စက်နေဟိန်းကတော့ ထိုင်စောင့်လျက်ရှိသည်။
"အဲ့နောက်မှာ ဘာရှိလဲဟင်"
ဉာဏ်က ရုတ်တရက် နံရံတစ်ခုကို လက်ညှိုးထိုးပြကာ စက်နေဟိန်းလက်မောင်းကိုဆွဲရင်း မေးလိုက်၏။
"ထမင်းစားခန်းလေ"
"ထမင်းစားခန်းပဲလား"
ထိုသို့ပြန်မေးချိန်မှာတော့ စက်နေဟိန်းသည် မျက်မှောင်ကြုတ်၍ နားမလည်သည့်ပုံမျိုးဖြင့် ဉာဏ့်ကိုကြည့်ရင်း....
"ဘာလို့လဲ ဉာဏ်"
"ဉာဏ် သွားကြည့်လို့လား"
စက်နေဟိန်းက ခေါင်းသာညိမ့်ပြလိုက်သည်။ သို့သော် ဉာဏ်က တကယ်ပင် ရုတ်ချည်းမတ်တပ်ထရပ်ကာ ထိုနံရံနားဆီ လျှောက်သွားသည်။ စက်နေဟိန်းကတော့ ဉာဏ့်ကို နားမလည်သော ပုံဖြင့်သာ ဆက်ပြီး စောင့်ကြည့်နေလိုက်သည်။
ဉာဏ့်နှလုံးခုန်သံတွေက မြန်လာတာလား၊ နှေးသွားတာလား ဉာဏ်မသိပါ။ ဉာဏ်သည် ထမင်းစားခန်းထဲသို့ ရောက်လာခဲ့သည်။ သူ့အိပ်မက်ထဲကအတိုင်းပင် စားပွဲတွေ....ထိုင်ခုံတွေကအစ.....။ ထို့ကြောင့် အိပ်မက်ထဲ၌ သူထိုင်ခဲ့သည့် နေရာသို့ ဖြည်းဖြည်းချင်းလျှောက်သွားမိသည်။
YOU ARE READING
ညံနေအောင်ချစ်မည် (loving you out loud)
RomanceCompleted!! Age Gap (BoyxBoy) Marriage Life! Cover Art_ Adder Aries (Canvas) Started date_ Wed, Dec 8th, 2021
