Ep 8

3.2K 224 21
                                        

မနေ့ညက ဉာဏ်၏ ရုတ်တရက် နေမကောင်းထဖြစ်မှုကြောင့် ဒီနေ့မနက် နှစ်ယောက်လုံး အိပ်ယာထနောက်ကျနေကြသည်။ အိပ်ရေးပိုဝသော ဉာဏ်က အရင်နိုးလာခဲ့သည်။ စက်နေဟိန်းပြောလည်းပြောချင်စရာ၊ ဉာဏ်အိပ်နေတာ သူ့ရင်ဘတ်ပေါ်မှာ။ ဖက်လုံးဟုသဘောထားပြီးအိပ်နေမိလားမသိ၊ ခြေထောက်တွေဘာတွေ အကုန်ပစ်တင်ထားပြီး တစ်ကိုယ်လုံးဟာ စက်နေဟိန်းကိုယ်ပေါ်ရောက်မတတ်ပင်။

ဉာဏ် သူ့ကိုယ်သူရယ်ချင်သွားကာ အိပ်ပျော်နေသေးသည့် စက်နေဟိန်းကို ငေးကြည့်မိသည်။ ချောသည်....စက်နေဟိန်းသည် ချောသည်။ ထိုသို့ချောလို့လည်း အိမ်ထောင်ဆက်တွေများနေတာဖြစ်မယ်ဟု ဉာဏ်တွေးမိသည်။ ဉာဏ့်စိတ်ထင် ရုပ်ချောသူတွေက ပိုပြီးခြေရှုပ်တတ်သည်ဟု ယူဆထားပုံရသည်။

အသက်လေးဆယ်အရွယ်အမျိုးသားတစ်ယောက်ဖြစ်သောကြောင့် ခန့်ညားမှုက ကပ်ပါလာသည်ထင်။ လည်ပင်းကြောများကထင်းနေကာ လက်နှစ်ဖက်စလုံးက အကြောထင်းထင်းလေးတွေက ဉာဏ့်လက်ပေါ်က အကြောလေးတွေကို မျက်နှာငယ်စေသည်။

ဦးစက်ကို ကြည့်ရင်း ရင်ခုန်လာတဲ့ဉာဏ်ဟာ တစ်ဖက်ကို ဆတ်ခနဲလှည့်သွားတော့၏။ ထိုအချိန်မှ စက်နေဟိန်းက မျက်လုံးဖွင့်ကြည့်သည်။ ထို့နောက် တစ်ဖက်သို့ လှည့်သွားသော ဉာဏ့်ကို အနောက်မှပြန်သိုင်းဖက်ထားမိသည်။

"အိပ်ရေးဝရဲ့လား"

နားဆီကပ်ကာ ဆိုလိုက်သော စကားက ဉာဏ့်တစ်ကိုယ်လုံးကို ကြက်သီးထသွားစေသည်။

"အင်း"

"ဒီနေ့ အလုပ်သွားစရာမလိုဘူးနော်၊ ကိုယ် ကိုဘုန်းကြွယ်ဆီ mailလှမ်းပို့ထားပြီးပြီ၊ ဉာဏ်နေမကောင်းလို့ နားခွင့်ပေးပါဆိုပြီး...."

ဉာဏ်က ဒီစကားကြားတော့ ခေါင်းလေးစောင်းကြည့်လာသည်။ စက်နေဟိန်းမျက်နှာနှင့် နီးကပ်သွားသော်ငြား သူစိတ်ဝင်စားတာ အခြားတစ်ခုဖြစ်နေသေးတာကြောင့်.....

"ဟင်....အဲ့လိုမလုပ်နဲ့လေ၊ ဉာဏ့်ဘာသာပို့မှာပေါ့၊ သူဌေးကို အားနာစရာကြီး"

"အံမယ်....အဲ့သူဌေးက ကိုယ်နဲ့အသိတွေဆိုတာတော့ ဉာဏ်သိပါတယ်နော်"

ညံနေအောင်ချစ်မည် (loving you out loud)Nơi câu chuyện tồn tại. Hãy khám phá bây giờ