လွန်ခဲ့သော နာရီပိုင်းလောက်က.....
"သားလေး မာမီတို့ မုန့်တစ်ခုခု လုပ်စားကြမလား"
ဂျူးသည် ဂိမ်းထိုင်ဆော့နေသော ဉာဏ့်အနားသို့ ရောက်လာကာ ခေါင်းလေးကို အသာဖွရင်းမေးလိုက်သည်။
"အိမ်း....ကောင်းပေသားပဲ"
"ဟုတ်ကဲ့ရှင့်၊ ကျွန်မ ဘာလုပ်ကျွေးရမလဲရှင့်"
"ဟီးဟီး လက်ဖက်သုပ်၊ ရှောက်သီးသုပ်၊ ရခိုင်ငါးပိထောင်းလေးနဲ့လေ...."
ဂျူးက ဉာဏ့်ကို မျက်မှောင်ကုပ်ကာ ကြည့်ရင်း....
"ငါ့သားလေး အစားပျက်နေတာပဲ"
"မာမီကလည်း ကိုကြည်လင်တို့လည်း ရှိနေတာမလား၊ များများလေး လုပ်ရမှာပေါ့"
"ဟုတ်ပြီ၊ မာမီ့ကိုတော့ လာကူ"
နေ့ခင်းဆိုတော့ နေပြင်းသည့်အတွက် ကြည်လင်သူတို့လည်း အပြင်မထွက်၊ ဉာဏ်တို့လည်း အပြင်မထွက်သေးဘဲ စံအိမ်ထဲ၌ ရှိနေကြသည်။ ကြည်လင်နှင့် နေလင်းထက်တို့က တောအုပ်ငယ်လေးဆီသို့ စူးစမ်းနေတာဖြစ်သည်။
"ရှင်စောတို့ ဘာလုပ်မလို့လဲ"
မီးဖိုချောင်သို့ ဝင်လာကြသော ဂျူးနှင့်ဉာဏ်ကိုမြင်တော့ ရခိုင်မက အံ့ဩပြီး မေးလိုက်သည်။
"ဒီမှာလေ ပါးစပ်ပျက်နေတဲ့ကလေးက ချဉ်ချဉ်စပ်စပ်တွေ လုပ်ကျွေးခိုင်းနေလို့"
"ကျွန်မ လုပ်ပေးမှာပေါ့၊ ရှင်စောနဲ့ မမတို့ စားချင်တာပြောလေ"
"ရတယ် ရခိုင်မရေ၊ ဉာဏ်တို့သားအမိ အတူတူ လုပ်မစားရတာကြာလို့ ကိုယ့်ဘာသာပဲ လုပ်လိုက်ပါ့မယ်"
ဉာဏ်က ပြောပြောဆိုဆိုနှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူများထုတ်ကာ အခွံခွာရန်ပြင်သည်။
"မနက်ဖြန် နေ့ဆွမ်းကို ကျွန်မတို့ တာဝန်ယူထားတယ် ရှင်စောရေ"
"ကောင်းတာပေါ့၊ ဉာဏ်တို့ အိမ်ပြန်စောင့်ပေးမယ်၊ ဦးဇင်းက အစားချေးများတော့ ရခိုင်မတို့ သေချာလုပ်သွားဦး"
"အံမယ် သူက သွားပြီး ဆရာလုပ်နေသေးတယ်"
ဂျူးက လက်ဖက်ရွက်ရေဆေးနေရင်း လှမ်းပြောတော့ ရခိုင်မက ထရယ်သည်။
BẠN ĐANG ĐỌC
ညံနေအောင်ချစ်မည် (loving you out loud)
Lãng mạnCompleted!! Age Gap (BoyxBoy) Marriage Life! Cover Art_ Adder Aries (Canvas) Started date_ Wed, Dec 8th, 2021
