တကယ့်နာမည်ကြီးဆိုသော အဝတ်အစားများကိုသာ ရွေးချယ်ဝတ်ဆင်ပြီး မှန်ရှေ့၌ အရှေ့ကြည့်လိုက် အနောက်ကြည့်လိုက်လုပ်နေသော စက်နေဟိန်းကို ဉာဏ်မျက်စိနောက်လာပြီဖြစ်သည်။
နာရီကိုလည်း ပုံမှန်ဝတ်နေကြမဟုတ်သည့် ကိုယ်ပိုင်မှတ်ပုံတင်၊ အာမခံဖြင့်သာ ဝတ်ဆင်နိုင်သောတံဆိပ်ကိုဝတ်ထားပြီး နက်ကတိုင်ညှပ်သည့်ကလစ်ကိုလည်း ငွေရောင်တောက်နေသည်ကို ရွေးထား၏။
ဆံပင်ကိုလည်း ဖီးလိမ်းသပ်တင်ထားကာ အရင်နေ့များထက်ပို၍ ကြည့်ကောင်းနေတာအမှန်။
"ဦးစက် တရားရုံးသွားရမှာသေချာလား"
ဉာဏ့်အမေးကြောင့် ရေမွှေးစွတ်နေသူစက်နေဟိန်း ရယ်မိသွား၏။ ထို့နောက် ယခုမှ အိပ်ယာထကာစ ဆံပင်ဘုတ်သိုက်နှင့် စောင်ပုံထဲထိုင်နေသော ဉာဏ့်ကို လှည့်ကြည့်ရင်း....
"ဉာဏ်က ကလေးပဲရှိသေးတယ်၊ ဒါတွေ ဘယ်နားလည်မလဲ"
အသက်နှစ်ဆယ်ထဲရောက်နှင့်နေပြီးသောသူတစ်ယောက်ကို ကလေးလို့သုံးနှုန်းတာကြီးက ဉာဏ့်နားထဲ ကန့်လန့်ကြီးလိုပင်။ သို့ပေမယ့် ဦးစက်အနေနဲ့ကျတော့လည်း သူမွေးရင် သူ့သားလောက်ဖြစ်နေတော့....အင်းပေါ့။
"ဉာဏ်....နိုးရင် သေချာမျက်နှာသစ် ပြင်ဆင်လေ၊ အဲ့လိုငိုင်တိုင်တိုင်ကြီး ထိုင်မနေရဘူး"
စက်နေဟိန်းက ဉာဏ်၏ ရှုပ်ပွနေသောဆံပင်များကို ပြုပြင်ပေးနေကာ ပြောစရာရှိတာလည်းပြောပင်....။
"ဦးစက်ကဘာလို့မင်းသားရှုံးအောင်ပြင်ဆင်သွားတာလဲ"
သူသိချင်နေသေးသောကိစ္စကို ဉာဏ်သိအောင်မေးရမှကျေနပ်မည်။
"ဒီလို...စီးပွားရေးလောကမှာ ကိုယ်တို့က ဟိတ်ဆိုတာ ပြရတယ်...အထူးသဖြင့် ကိုယ့်ပြိုင်ဘက်တွေနဲ့ မျက်နှာချင်းဆိုင်ရမယ့်ကိစ္စမျိုးတွေမှာ ကိုယ့်ဝတ်စားပုံ၊ ကိုယ်စီးတဲ့ကားအခြေနေကို ကြည့်ပြီး ဒီလူဟာ သူ့စီးပွားရေးအခြေနေကောင်းနေလား၊ ဆိုးနေလား ခန့်မှန်းလို့ရတယ်...အခု ကိုယ်က တရားရုံးသွားရမယ်ဆိုပေမယ့် သတင်းထောက်တွေလည်းရှိနေမှာ၊ သတင်းစာမျက်နှာပေါ်တက်လာမယ့် ကိုယ့်ပုံက ပါဝါပြည့်နေဖို့လိုတယ်၊ ဒါမှ ဒီကိစ္စက ကိုယ့်စီးပွားရေးကို အဖျားလာမခတ်မှာ...သဘောပေါက်ပြီလား"
ESTÁS LEYENDO
ညံနေအောင်ချစ်မည် (loving you out loud)
RomanceCompleted!! Age Gap (BoyxBoy) Marriage Life! Cover Art_ Adder Aries (Canvas) Started date_ Wed, Dec 8th, 2021