Ep 15

2.3K 154 35
                                        

မကိုင်မချင်းလာနေတော့မည့်ဖုန်း vibrationကြောင့် စက်နေဟိန်း အိပ်ယာမှ ထရတော့သည်။ လက်မောင်းပေါ်တိုးအိပ်နေသော ဉာဏ်နိုးသွားမည်စိုး၍ ခေါင်းကိုအသာမကာ ခေါင်းအုံးပေါ် တင်ထားပေးခဲ့သည်။ သူကိုယ်တိုင်ကတော့ စားပွဲပေါ်တင်ထားသည့်ဖုန်းကို လာယူကြည့်တော့ ဘယ်သူ့ဆီကမှမဟုတ်....မေရီမိုးစက်ဆီကပင်။

"မာမီ...ဘာဖြစ်လို့လဲ"

စက်နေဟိန်းသည် စိတ်ပူသွားကာ အသံနည်းနည်းကျယ်သွားရသည်။ ထို့ကြောင့် အိပ်ပျော်နေသောဉာဏ်ပင် မျက်လုံးပေကလပ် ပေကလပ်ဖြင့် နိုးလာလေသည်။

"ဘာမှမဖြစ်ဘူး...မာမီ ဘန်ကောက်ကို ဒီမနက် ၈:၄၅ flight နဲ့သွား‌တော့မလို့ အသိပေးတာ"

"ဗျာ...."

ရုတ်တရက်ကြီးမို့ စက်နေဟိန်းကြောင်သွားကာ နာရီလှမ်းကြည့်မိသည်။ မနက် ငါးနာရီတော့ ထိုးပါပြီလေ။

"မာမီ....ရုတ်တရက်ကြီး ဘာကိစ္စဖြစ်လို့လဲ၊ သားကိုပြောလေ"

"ဘာကိစ္စမှမဟုတ်ဘူး၊ ငါ့ကိစ္စနဲ့ငါ"

"ဟာ...မာမီ ကျွန်တော့်ကိစ္စတွေစိတ်ပူပြီး ယတြာတွေသွားချေတော့မယ်မလား၊ မလုပ်ပါနဲ့၊ အေးအေးဆေးဆေးနေပါ မာမီရယ်၊ ကျွန်တော်အဆင်ပြေတယ်လို့....."

"ဟဲ့...တကယ်နင့်ကိစ္စမဟုတ်ဘူး၊ ငါ့ကိစ္စနဲ့ငါပါဆိုဟယ်"

စက်နေဟိန်းသည် မေရီ့အကြောင်းသိနေတာမို့ သက်ပြင်းကိုခပ်ပြင်းပြင်း တမင်ချပြပြီး....

"ဒါဆို ဟိုကိုရောက်ရင် စာပို့နော်မာမီ"

"ငါကလေးမဟုတ်ဘူး၊ စိတ်ပူမနေနဲ့"

"မာမီ ကလေးသာဆိုလည်း အိမ်ထဲ ထည့်ပိတ်ထားမှာ"

"ဒါပဲ"

စက်နေဟိန်းဖုန်းချကာ ခေတ္တမျှ မတ်တပ်ရပ်နေမိသေးသည်။

"ဦးစက်....ဘာဖြစ်လို့လဲ"

မနိုးဘူးဟုထင်နေသော ဉာဏ်က နိုးသွားသဖြင့် စက်နေဟိန်းလန့်သွားကာ အနောက်လှည့်ကြည့်မိသည်။

"ဉာဏ့်ကြီးကြီးပေါ့....ဘန်ကောက်ကို ဒီမနက်flightနဲ့သွားမလို့တဲ့လေ၊ ရုတ်တရက်ကြီးမို့ စိတ်တိုနေတာ သူ့ကို၊ ဘယ်တော့မဆို ကိုယ့်စကားကို နားမထောင်ဘူး၊ အသက်ကကြီးနေပြီ ငယ်တော့တာမဟုတ်ဘူး...ဟူး....မာမီနဲ့လည်း တော်တော်ခက်ပါတယ်"

ညံနေအောင်ချစ်မည် (loving you out loud)Место, где живут истории. Откройте их для себя