Ep 7

3.4K 236 23
                                        

Rangoon Magazine founderနှင့် စက်နေဟိန်းတို့ Lotte Hotelရှိ Restaurant၌ တွေ့ဖြစ်ကြသည်။ ဖြစ်ချင်တော့ Aloha(အယ်လိုဟာ)ပါ ရောက်နေသည်။ စက်နေဟိန်း မျက်နှာတော့ပျက်သွားကာ စီးပွားရေးဟုတွေးလျက် ကြည်လင်နှင့်တကွ မျက်နှာစုံညီ ထိုင်ဖြစ်ကြသည်။

"Mr. Heinတို့ကတော့ အမြဲကြည့်ကောင်းနေတာပဲနော်"

"ကျေးဇူးပါ Aloha၊ မင်းလည်းလှနေပါတယ်၊ မတွေ့ရတာကြာပြီ သရဖီ၊ အရမ်းလှနေတယ်"

အဓိကလာသူ founderက အရင်မနှုတ်ဆက်ရ။ သူမက အရင်နှုတ်ဆက်သည်နှင့် အင်တင်တင်ဖြင့်သာ ဝတ်တန်းကြေရုံသာ နှုတ်ဆက်လိုက်သည်။ စက်နေဟိန်းက founderဖြစ်သူ သရဖီနှင့်သာ လက်‌ဆွဲနှုတ်ဆက်သည်။ ကြည်လင်သူနဲ့လည်း အသီးသီးနှုတ်ဆက်ကြပြီးနောက်....

"ကျွန်မက မော်ဒယ်လ်လည်းသုံးချင်သေးတယ်၊ အထူးသဖြင့် VCCက lipstickနာမည်ကြီးတော့ only lip focusကြီးပဲ တစ်မျက်နှာစာသုံးချင်တာ၊ အဲ့ဒါကို တိုင်ပင်ချင်တာ ဟိန်း"

ထိုမော်ဒယ်လ်က Alohaပင်ဖြစ်မည်ဆိုတာ စက်နေဟိန်းသိနေသည်။

"ဟုတ်ကဲ့၊ သဘောပေါက်တယ် ဖီ၊ ကျွန်တော်လာမယ့် အပတ်ထဲမှာ productအသစ်တစ်မျိုးမိတ်ဆက်ဖို့ရှိတယ်၊ အခု ဖီတို့ကလည်း ဒါကိုကမ်းလှမ်းလာတော့ ကျွန်တော်တို့ collabသဘောမျိုးလေးလုပ်ရင် ပိုအဆင်ပြေမလားလို့"

"အိုး အဆင်သင့်တာပေါ့ ဟိန်းရဲ့၊ ကျွန်မသဘောကျတယ်၊ Brand Ambassadorက Alohaဆိုတော့ သူ့ကိုပဲ VCC lipstickတွေပေးရမှာပေါ့"

စီးပွားရေးက စီးပွားရေးဆိုပေမယ့် စက်နေဟိန်းတစ်ယောက် သူထုတ်မည့် ကုန်ပစ္စည်းအသစ်ကို Alohaလက်ထဲမထည့်ချင်။ သို့သော် အရယ်အပြုံးမပျက်ဘဲ....

"ကောင်းတာပေါ့၊ ဒီအချိန်ထိ နာမည်ကောင်းထိန်းထားနိုင်တဲ့ Alohaကိုပဲ အားကိုးတာပေါ့၊ ဖီ့သဘောပါ၊ ကျွန်တော်က VCCကိုကမ်းလှမ်းပြီး ပစ္စည်းအသစ်ပါချပြခွင့်ရလို့ ကျေနပ်မိပါတယ်"

သရီဖီသည် ကြည်လင့်ဆီ fileအချို့လှမ်းပေးသည်။

"အကျိုးအမြတ်ခံစားခွင့်နဲ့ စာချုပ်ပါ"

"ဟုတ်ကဲ့၊ ကျွန်တော်တို့ဖတ်ကြည့်ပြီး ညှိနှိုင်းသင့်ရင် ညှိနှိုင်းပါ့မယ်၊ အကယ်၍ အဆင်ပြေခဲ့ရင် လက်မှတ်ထိုးပြီးသားကို မိတ္တူတစ်စုံပွားယူထားပြီး မူရင်းကို ပြန်ပို့လိုက်ပါမယ်"

ညံနေအောင်ချစ်မည် (loving you out loud)Tempat cerita menjadi hidup. Temukan sekarang