အချိန်တစ်နာရီကျော်လောက်ကြာပြီးနောက် ရာဇာက ဂီတာတီးသည်ကို ရပ်လိုက်ကာ ထိုင်ခိုင်းထားသည့်နေရာ၌ ခွေခွေလေးအိပ်နေသော အော်စကာ့ကို လှမ်းကြည့်မိသည်။
ဘယ်လိုကောင်လေးလဲ၊ ဒီလောက်ဆူညံနေတာကို အိပ်နေနိုင်သည်။ အခြားသူများကို ခဏ offမည်ဟုပြောကာ အော်စကာရှိရာသို့ ရောက်လာသည်။
"အော်စကာ...အော်စကာ...."
"ဟင်...."
အာလူးကြော်စားထားသောကြောင့် ပါးစပ်နားကပ်နေသည့် အာလူးကြော်ဖက်လေးကို ရာဇာမြင်နေရသည်။ ထို့ကြောင့် ထိုအဖက်လေးကို လက်နှင့်သပ်ချကာ ဖယ်ပေးပြီး....
"အိမ်ပြန်တော့လေ"
ညနေတော်တော်စောင်းနေပြီဖြစ်သောကြောင့် ဒီကောင်လေးအိမ်ပြန်မှဖြစ်မည်။ ရာဇာက ထိုသို့ပြောတော့ အော်စကာ ခေါင်းညိမ့်ပြပြီး.....
"ကိုကို လိုက်ပို့မယ်မလား"
"ပို့စရာလား၊ ငါအဲ့လိုလိုက်ပို့တော့ ငါ့သားကိုခေါ်သွားတာ မင်းလားဆိုပြီး ငါပြဿနာအရှာခံရမှာပေါ့"
"ဟင် တစ်ယောက်တည်းပြန်ရမှာလား"
"ကားငှားပေးလိုက်မှာလေ၊ စိတ်ချရပါတယ်"
အော်စကာက မျက်နှာသေလေးဖြင့် ရာဇာ့ကိုစိုက်ကြည့်နေသည်။ ရာဇာတစ်ယောက် ဘာဆက်ပြောလို့ပြောရမှန်းမသိဘဲ ခေါင်းကုပ်မိစဉ် ကိုဇော်ကြီးက စားသောက်ပွဲကျင်းပဖို့ အထုပ်တွေ လက်နှစ်ဖက်အပြည့်ဆွဲကာ တံခါးကို ဝုန်းခနဲဆောင့်တွန်းပြီး ဝင်လာလေသည်။ အော်စကာတောင်လန့်ပြီး အော်မိသွားသည်။
"နားကြမယ်လေ၊ အချိန်ကျပြီမလား"
"နေဦး ကိုဇော်၊ ကျွန်တော် သူ့ကို ပြန်ပို့လိုက်ဦးမယ်"
ရာဇာက အော်စကာ့ကိုလက်ညှိုးထိုးပြောတော့....
"ဘာလို့ပြန်ဦးမှာလဲ၊ ပြန်ရင် ငါအားလုံးကိုလိုက်ပို့ပါမယ်၊ လုပ် လုပ် နားကြမယ်၊ မင်းတို့ကကွာ"
"သူမသောက်နိုင်ဘူး...."
"မရဘူး၊ တိတ်စမ်း"
သို့ဖြင့် ပွဲကျတော့မည့်အရိပ်အယောင်ကြောင့် ရာဇာသည် အူတူတူရုပ်ပိုင်ရှင်လေးကိုကြည့်ပြီး ငိုချင်စိတ်ပေါက်သွားသည်။ သူလျှာရှည်တာမလား၊ သူခံပေါ့။
BẠN ĐANG ĐỌC
ညံနေအောင်ချစ်မည် (loving you out loud)
Lãng mạnCompleted!! Age Gap (BoyxBoy) Marriage Life! Cover Art_ Adder Aries (Canvas) Started date_ Wed, Dec 8th, 2021
