Ep 22

2.1K 157 18
                                        

"ငါ အဲ့သက်သေတွေ ရမှဖြစ်မယ် သူငယ်ချင်း၊ ငါ့ကို ကူပေးပါဦးကွာ"

"အေးပါ၊ မင်းစိတ်ချထားလိုက်၊ နောက်ရုံးချိန်းမတိုင်ခင်အထိ ဖြစ်ကိုဖြစ်စေရမယ်"

"အေး၊ ကျေးဇူးပဲ ဘစည်"

စက်နေဟိန်းသည် ဆေးပြင်းလိပ်သောက်နေရင်း သူငယ်ချင်းဖြစ်သူကို အကူညီတောင်းကာ သက်သေရှာနေမိသည်။ ရေချိုးပြီး လသာဆောင်ကိုရောက်နေသည်မှာ အတော်ပင်ကြာနေပြီ။ ယခုမှ ဉာဏ့်ကိုသတိရသွားကာ ဆေးလိပ်မီးသတ်ပြီး အခန်းဆီသို့ လျှောက်လာခဲ့သည်။ သို့သော် ဉာဏ်သည် အခန်းထဲ၌ မရှိ။ ထို့ကြောင့် အောက်ထပ်၌ TVကြည့်နေတာလားဟုတွေးကာ အောက်ဆင်းလာခဲ့သည်။ အကြောင်းမထူး....ဉာဏ်ရှိမနေ။ ထမင်းစားခန်းသို့ သွားကြည့်ပြန်တော့လည်း မတွေ့။

ဘယ်ရောက်သွားတာပါလိမ့်ဟုတွေးရင်း အပေါ်ထပ်ပြန်ရောက်လာကာ အခန်းပေါင်းစုံလိုက်ကြည့်တော့မှ ဉာဏ်က ဘုရားခန်းရောက်နေတာဖြစ်သည်။ ဘုရားရှိခိုးနေသောဉာဏ့်ကိုသဘောကျ၍ စက်နေဟိန်းမတ်တပ်ရပ်ကာ တိုးတိုးတိတ်တိတ်ကြည့်နေမိသည်။

"အမယ်လေး...."

အမျှဝေပြီးသောဉာဏ်သည် အနောက်လှည့်လိုက်သောအခါ စက်နေဟိန်းက ဘုရားခန်းဝ၌ မတ်တပ်ရပ်နေသောကြောင့် လန့်ပြီး ထအော်တော့သည်။

"အခုပဲ ဘုရားရှိခိုးပြီးတာကို လန့်စရာလား"

စက်နေဟိန်းအသံက ပုံမှန်ပြန်ဖြစ်နေသောကြောင့် အစောကလိုမဟုတ်နေသည်ကို ဉာဏ်သဘောပေါက်လိုက်သည်။

"ဦးစက်က အသံမပေးဘဲ တောင့်တောင့်ကြီးရပ်နေတာကိုး"

ဉာဏ်သည် ထိုသို့သာပြောပြီး စက်နေဟိန်းကို တွန်းထုတ်ကာ လမ်းရှင်းရင်း ထွက်လာလိုက်သည်။ ထို့နောက် မိမိတို့အိပ်ခန်းထဲသို့ဝင်ကာ ခေါင်းအုံးနှင့်စောင်ကို သပ်သပ်ခွဲထုတ်နေတာကြောင့် အနောက်မှ လိုက်ကြည့်နေသူ စက်နေဟိန်းတစ်ယောက် နားမလည်စွာဖြင့် ဉာဏ့်လက်ကို သွားဆွဲထားမိသည်။

"ဉာဏ်ဘာလုပ်နေတာလဲ"

"ဉာဏ်ဒီည ကိုယ့်ဘာသာအိပ်ချင်တယ်"

ညံနေအောင်ချစ်မည် (loving you out loud)Where stories live. Discover now