"ရာဇာရေ...မင်းကိုတွေ့ဖို့ ဧည့်သည်လာတယ်....."
မနေ့ညက ဘောလုံးပွဲအကြောင်းပြောနေသော ရာဇာ့ဆီသို့ ရေချိုးပြီးပြန်လာသော ကောင်လေးတစ်ယောက်က လှမ်းအသိပေးသည်။ ထို့ကြောင့် ခေတ္တမျှတွေဝေသွားကာ ခေါင်းညိမ့်ပြပြီး နေရာမှထလာခဲ့သည်။ သူ့ဆီ ငစောကလွဲ လာမယ့်သူက သိပ်မရှိဘူးလေ....ကိုဇော်ကြီးတို့က လာရင် ဖုန်းဆက်နေကြ။ တစ်ယောက်တည်းတွေဝေနေပြီး အရှေ့ရောက်လာသောအခါ.....
"အော်စကာ....."
ဤသည်မှာ သူ့စိတ်ထဲ ရေရွတ်မိသွားသော နာမ်စားလေးဖြစ်သည်။ အော်စကာတစ်ယောက်တည်းတော့မဟုတ်၊ သူ့ဘေး၌ အသက်လတ်ပိုင်းအမျိုးသားတစ်ဦးပါသည်။ ပြောရလျှင် ရာဇာသိနေသူ၊ မြင်ဖူးခဲ့သည့်သူ မြင့်မိုးစွေဖြစ်သည်။
"ကိုကို...."
အော်စကာသည် အဖြူရောင်အင်္ကျီလေးနှင့် ဘောင်းဘီတိုအဖြူရောင်လေးကို လိုက်ဖက်စွာဝတ်ဆင်ထားတာကြောင့် တကယ့်ကလေးပေါက်စလေးလိုပင်။ ရာဇာသည် အော်စကာ့ကို ငေးနေမိစဉ်မှာပင် သူ့ရှေ့သို့ လက်တစ်ဖက်ကမ်းလာခဲ့သည်။
"သားလေးက ဒယ်ဒီတွေ့ဖူးတဲ့သူပဲလို့ပြောပေမယ့် ဒီက သားလို့ အန်ကယ်မထင်ထားမိဘူး"
"ဟုတ်ကဲ့ခင်ဗျ"
ရာဇာသည် ဦးမြင့်မိုးစွေအား လက်ဆွဲနှုတ်ဆက်လိုက်သော်လည်း အခြေနေအရပ်ရပ်ကို နားမလည်နေချေ။ အော်စကာကတော့ ဘာမှဝင်မပြောသေးဘဲ ရာဇာ့ကို မျက်နှာငယ်လေးနှင့်ကြည့်နေသည်။
"သားလေးကို ကူညီစောင့်ရှောက်ထားပေးဝာာ ကျေးဇူးပါ၊ အန်ကယ်က ခရီးသွားနေရလို့ ချက်ချင်းမရောက်လာဖြစ်တာပါ၊ အခုမှရောက်လာလို့ အားနာမိပါတယ်"
"ရ....ရပါတယ် အန်ကယ်ခင်ဗျ....."
ရာဇာလည်း ကြောင်တောင်တောင်တွေဖြစ်ကုန်ကာ အော်စကာ့အားကြည့်လိုက် မြင့်မိုးစွေကိုကြည့်လိုက် လုပ်နေမိသည်။
"ဟို ...ဒယ်ဒီ...."
အော်စကာသည် မြင့်မိုးစွေလက်ကို သွားတို့ထိကာ တစ်ခုခုကို သတိပေးလိုက်သယောင်ယောင်ပင်။ ထိုအပြုမူကြောင့် မြင့်မိုးစွေက သတိရသွားဟန်ဖြင့်.....
ESTÁS LEYENDO
ညံနေအောင်ချစ်မည် (loving you out loud)
RomanceCompleted!! Age Gap (BoyxBoy) Marriage Life! Cover Art_ Adder Aries (Canvas) Started date_ Wed, Dec 8th, 2021
