Ep 5

3.5K 239 13
                                        

ယနေ့ ရန်ကုန်ပြန်ရန် စီစဉ်နေရသော ဉာဏ်က အင်္ကျီအထုပ်လေးတွေကိုကြည့်ကာ ဆောင့်ကြောင့်လေးထိုင်နေသည်။ အခန်းထဲဝင်လာသော စက်နေဟိန်းက ဉာဏ်ပျောက်နေ၍ ရှာရင်း အထုပ်တွေကြား၌ထိုင်နေသော ကောင်လေးကိုတွေ့လိုက်ရသည်။ မျက်နှာက သိပ်တော့မကောင်း။

"ဉာဏ်...ဘာလုပ်နေတာလဲ"

"ဉာဏ်တို့ပြန်ရင် ရခိုင်မတို့ကို သတိရနေမှာပေါ့၊ ဒီအိမ်ကြီးကိုလည်းကြောက်ပေမယ့် ဉာဏ်ကြိုက်တဲ့နေရာလေးကိုလည်း သတိရနေတော့မှာ"

ဉာဏ်ကြိုက်သည့်နေရာလေးဆိုသည်မှာ သခင်မလက်ပံနေရာလေး ဖြစ်သည်။

"ဒါဆို ဉာဏ် မပြန်ချင်ဘူးလား"

စက်နေဟိန်းအမေးကို တွေဝေနေသည့်ပုံလေးဖြင့် ဉာဏ်ကပြန်ကြည့်သည်။

"ခွေးလေးတွေလည်း ထားခဲ့ရမှာ၊ နို့မပြတ်သေးတော့ ခွဲလို့လည်းမရဘူး"

ကြာတော့ ဉာဏ့်ကိုကြည့်ပြီး စက်နေဟိန်းရယ်ချင်လာသည်။ မသိလျှင် ဘေထုပ်ရောင်းမကောင်းလို့ စိတ်ညစ်နေသည့်ပုံဖြင့်၊ ထိုင်နေတာကလည်း အထုပ်တွေကြားဆိုတော့ ကွက်တိပင်။

"ကဲ....မပြန်ချင်သေးရင် ဉာဏ်နေချင်သလောက်နေလို့ရတယ်၊ ပြန်ချင်ရင်လည်း အခုပြန်မယ်"

"ဦးစက်ရော ပြန်ချင်လား"

"ကိုယ်က ဘယ်ကိုပြန်ပြန် ဘယ်ကိုလာလာ ကိုယ့်အိမ်တွေဆိုတော့ အလုပ်လည်းမပျက်သလို ဘာမှမဖြစ်နေဘူး ဉာဏ်ရဲ့...အခု ဉာဏ်ပဲ၊ ပြန်ချင်တာလား မပြန်ချင်တာလား"

စက်နေဟိန်းသည် ကုတင်ပေါ်၌ ဝင်ထိုင်လိုက်ကာ ဉာဏ့်ကိုကြည့်နေရင်း ပြုံးစိစိဖြစ်နေမိသည်။ ဉာဏ်ကတော့ အထုပ်တွေကိုကြည့်လိုက် စက်နေဟိန်းကိုကြည့်လိုက် မျက်နှာကျက်တွေမော့ကြည့်လိုက်နှင့် အလုပ်ရှုပ်နေရသည်။

"ပြန်မယ်"

"သေချာလား"

"အဲ့လိုမမေးနဲ့လေ၊ ဉာဏ်က ခက်ခက်ခဲခဲဆုံးဖြတ်ထားရတာ"

"ဪ...."

ဉာဏ့်စကားကြောင့် စက်နေဟိန်း ဪ တစ်လုံးသာပြောနိုင်တော့သည်။ နောက်တော့ ထိန်းမရသည့်အဆုံး အကျယ်ကြီးအော်ရယ်မိကာ အိတ်နှစ်လုံးသယ်ပြီး အခန်းထဲကထွက်သွားသည်။ ဉာဏ်ကတော့ ဘာလို့ရယ်သွားလဲမသိသောကြောင့် မှုန်ကုပ်ကုပ်ရုပ်ကြီးဖြင့် ဘာအိတ်မှ မသယ်ဘဲ အနောက်မှ လိုက်လာခဲ့သည်။

ညံနေအောင်ချစ်မည် (loving you out loud)Where stories live. Discover now