Ep 13

2.8K 179 29
                                        

"ဟင်"

အလုပ်ခဏနား၍ ထမင်းစားနေသော ဉာဏ်တစ်ယောက် လည်ချောင်းထဲက ထမင်းသီးမတတ်ဖြစ်သွားသည်။ အကြောင်းကတော့ Social Media ပေါ်တွေ့လိုက်ရသည့် သတင်းရှည်တစ်ပုဒ်ကြောင့်ပင်။

ယနေ့ ရာဇာခွင့်ယူထားသောကြောင့် ဉာဏ်တစ်ယောက်တည်းသာ ဟိုသွား ဒီသွားလုပ်နေရသည်။ ထို့ကြောင့် တို့ဟူးသုပ်ဆိုင်တွေ့၍ တို့ဟူးသုပ်နှင့် ထမင်းဖြူဝင်စားချိန် ဖုန်းလေးသုံးမိတာ ဤမျှလောက်ဆိုးရွားသွားမည်မထင်။

Social media ပေါ်၌ ဦးစက်အိမ်ပုံကြီးနှင့်တကွ ဦးစက်ပုံကြီးပါ သတင်းခေါင်းစီးပေါ်တင်ထားသောကြောင့် ပြဿနာကဘာလဲဆိုသည်ကို ဉာဏ်ဖတ်ကြည့်နေမိသည်။ မနက်ကမှ သူတို့ထွက်လာတာ အကောင်းကြီးပါ၊ ဘယ်လိုဖြစ်တာလဲဟုလည်း ဉာဏ်တွေးနေတာ လိုက်မမီတော့။ တစ်လက်စတည်းတွေးမိသည်က ဦးစက်အဆင်ပြေရဲ့လားဟူ၍ပင်။

ထို့ကြောင့် မဆိုင်းမတွပင် ဖုန်းခေါ်လိုက်တော့သည်။

ဉာဏ်ဖုန်းခေါ်ချိန် စက်နေဟိန်းက အစည်းဝေးခန်းထဲမှာဖြစ်သည်။ ဖုန်း၏ vibration ကြောင့် projector ကိုကြည့်နေသည့်မျက်လုံးများက ဖုန်းဆီရွေ့လာချိန် ဉာဏ်ဆိုသော နာမ်စားလေးကိုတွေ့သောကြောင့် ဆွဲယူလိုက်သည်။

"ခဏလေး ခွင့်ပြုပါဦး‌....ကြည်လင် ဆက်ပြီး ပြောပြပေးထားပါဦး"

အစည်းဝေးခန်းထဲမှ ခွင့်တောင်းကာဖြင့် အပြင်သို့ထွက်လာခဲ့သည်။

"ဉာဏ်...."

"ဦးစက် ဘာလုပ်နေလဲ၊ ဘယ်မှာလဲ"

"ကိုယ်က ရုံးမှာ အလုပ်လုပ်နေတာပေါ့ ဉာဏ်ရဲ့"

ဉာဏ်ဘာကြောင့်ဖုန်းဆက်သည်ကို သိသောကြောင့် အရမ်းစိတ်မပူစေရန် စက်နေဟိန်းကပြောနေကြလေသံဖြင့်သာ ပြောနေသည်။

"ဦးစက် အလုပ်လုပ်နိုင်သေးတာလား"

"ကိုယ်က ဘာလို့မလုပ်နိုင်ရမှာတုန်း၊ ဆိုပါဦး"

"ဦးစက် သတင်းတွေဖတ်မကြည့်ရသေးဘူးလား"

ဉာဏ်သည် အေးလူလူနှင့်စကားပြောနေသော စက်နေဟိန်းကို အမှန်တကယ်ပင်စိတ်ပူလာသည်။ စားနေသည့်ထမင်းတောင် ဘယ်အူကိုကပ်နေသည်ပင် မသိတော့။

ညံနေအောင်ချစ်မည် (loving you out loud)Donde viven las historias. Descúbrelo ahora