"ဒီနေ့ ဒယ်ဒီ့မွေးနေ့မဟုတ်ပါဘူး"
မီးဖိုချောင်ထဲ လှုပ်စိ လှုပ်စိဖြင့် ovenဆီပြေးကြည့်လိုက် မုန့်နှစ်နယ်ထားသည်ကို လက်သန်းလေးဖြင့် အရသာမြည်းကြည့်လိုက် လုပ်နေသော အော်စကာ့ဆီ မြင့်မိုးစွေရောက်လာပြီး စကားဦးသန်းလိုက်သည်။
"ဟီး သူငယ်ချင်းတွေအတွက်ပါ၊ ဒယ်ဒီ့အတွက်လည်း သားချန်ခဲ့မှာ၊ အဲ့ဒါကြောင့် အများကြီးလုပ်နေတာ"
Cupcake လေးများကို လှလှလေးဖန်တီးနေရင်း အော်စကာက ပြုံးရယ်၍ ဖြေလိုက်သည်။
"ဒယ်ဒီက အဲ့သူငယ်ချင်းတွေကို သိခွင့်ရှိပြီလား"
ဤမေးခွန်းကိုမဖြေခင် အော်စကာက cupcakeတစ်ခုကိုကိုင်ထားရင်း စဉ်းစားနေဟန်ပေါ်သည်။ သူ့ဒယ်ဒီသိသွားပြီထင်တယ်ဟုလည်း စိတ်ထဲ ထင့်ခနဲဖြစ်သွားရသည်။
"ဒယ်ဒီ သားကို ပြောစရာရှိနေလား"
"သားက ဒယ်ဒီ့ဆီမှာ ပြောစရာရှိနေမယ်လို့ ဘာကြောင့်ထင်နေတာလဲ"
"မေးကြည့်ရုံပါပဲ"
"အော်စကာ ဒယ်ဒီမေးနေတာကို သားမဖြေရသေးဘူး"
"Amusement park သွားရင်း တွေ့ဖူးတဲ့ သူအချို့ပါ၊ ဒယ်ဒီမသိတဲ့သူတွေ"
မြင့်မိုးစွေသည် အော်စကာ့ကို အတန်ငယ် စိုက်ကြည့်ခဲ့ကာ ခေါင်းညိမ့်ပြပြီး ထွက်သွား၏။ သို့မှ အော်စကာ သက်ပြင်းကြီးချနိုင်တော့သည်။ သူ့ဒယ်ဒီမူမမှန်ဘူးဆိုတာ သူလည်း ရိပ်မိနေပါသည်။ ဒါကြောင့် ရာဇာနဲ့တွေ့လျှင်တော့ ပြောပြတိုင်ပင်ရတော့မည်။
.
.
.
.
.
"ငါ့ကိုပြော၊ သူဘာစကားပြောချင်တာလဲ"
"ဟာ ဟေ့ကောင်၊ ငါပြောတာပဲနားထောင်စမ်းကွာ၊ အဲ့လို ကမူးရှူးထိုးလုပ်လို့ ပြီးမယ့်ကိစ္စမဟုတ်ဘူး"
ဉာဏ်တစ်ယောက် သခင်မလက်ပံနေရာ၌ထိုင်ရင်း ရာဇာ့ဆီ ရာဇသံချွေနေရသည်။ ဒီကြားထဲ သူက စိတ်တိုလွယ်သဖြင့် စကားတစ်ခွန်းပြောပြီးတိုင်း အော်နေရသည်။
"မင်းတို့ ချိန်းတွေ့တာဘာညာရှိလည်းကွာ ဟို နည်းနည်း ရက်ခြားဖြစ်ဖြစ် လူနည်းနည်းရှင်းတဲ့နေရာဖြစ်ဖြစ် တွေ့ကြပေါ့"
BẠN ĐANG ĐỌC
ညံနေအောင်ချစ်မည် (loving you out loud)
Lãng mạnCompleted!! Age Gap (BoyxBoy) Marriage Life! Cover Art_ Adder Aries (Canvas) Started date_ Wed, Dec 8th, 2021
