(မျက်နှာသစ်မော်ဒယ်လေးတစ်ယောက်နဲ့ ထုတ်ကုန်အသစ်ကို ကြေညာလိုက်တဲ့ VC cosmetics)
(VC cosmetics ပိုင်ရှင်၏ အမျိုးသားဖြစ်သည်ဟု ထင်ကြေးပေးနေကြသည့် မျက်နှာသစ်မော်ဒယ်)
(အမှုရင်ဆိုင်ဖြေရှင်းနေရသော်လည်း ထုတ်ကုန်အသစ်၊ မော်ဒယ်အသစ်နှင့် cosmetics လောကသို့ ထပ်မံထိုးဖောက်လာသည့် VC cosmetics)
စက်နေဟိန်းသည် ထိုသတင်းများကို ဖတ်ရင်း ကျေနပ်နေသယောင်၊ ပြုံးယောင်သန်းနေကာ လေ့ကျင့်ခန်းလုပ်နေသည်ကို အပြီးသတ်လိုက်သည်။ ထို့နောက် ခေတ္တထိုင်ကာ အနားယူ၍ ရေအဝသောက်ပစ်လိုက်သည်။ ထို့နောက် အမူးသမားနှစ်ယောက်အခြေနေကို ကြည့်လိုက်ဦးမည်။
ဉာဏ်တစ်ယောက် ဆိုဖာပေါ်၌ ဆန့်ဆန့်ကြီး အိပ်ပျော်နေသည်။ ရာဇာကတော့ တစ်ဖက်ဆိုဖာပေါ်၌ အားလျားကြီးမှောက်အိပ်နေသည်။ နှစ်ယောက်ထဲတွင် ဉာဏ်က အရင်နိုးလာသည်။
"အီး ဝှါး....ဟင်"
အပျင်းကြောဆန့်ကာ အပြည့်အဝသန်းပြီးနောက် သူဘယ်ရောက်နေလဲ သူ့ဘာသာလန့်သွားသော ဉာဏ်။
"ဪ အိမ်ပြန်ရောက်နေတာပဲ....ဟမ် ငါဘယ်လိုရောက်လာတာလဲ"
အိမ်ပြန်ရောက်နေကြောင်းသိပြီး စိတ်အေးသွားသော်လည်း ဘယ်လိုပြန်ရောက်လာတာလဲက လုံးဝတွေးမရ။ ဘေးကိုကြည့်တော့ ရာဇာလည်း တီကောင်ဆားပတ်သလို တွန့်လိမ် တွန့်လိမ်ဖြင့် ထလာသည်။
"မင်းညက ဟိုတယ် ငှားလိုက်တာလား"
အိပ်ချင်မူးတူးဖြင့် ဒီတစ်ယောက်ကလည်း ဘာတွေမေးနေမှန်းမသိ။ ဉာဏ်က ခေါင်းခါပြကာ သက်ပြင်းချပြီး....
"ငါ့အိမ်ပြန်ရောက်နေတာ"
"ဟင် မင်းအိမ်....အာ မင်း အဘိုးကြီးအိမ်"
ဉာဏ်က ခေါင်းညိမ့်ပြသည်။ ရာဇာလည်း ပုခုံးနှစ်ဖက်တွန့်သွားကာ သူတို့နှစ်ယောက် ဘယ်လောက်မူးနေလို့ ဒီခေါ်လာတာတောင် မသိရတာလဲဟု တွေးမိလိုက်သည်။ အမူးသမားလေးနှစ်ယောက်သည် မျက်နှာငယ်လေးတွေနဲ့ ဘာလုပ်ရမယ်မသိသော ပုံစံလေးတွေ။
"အိပ်ရတာ သက်တောင့်သက်သာရှိရဲ့လား"
ထိုစဉ် စက်နေဟိန်းအသံကြားပြီး ဉာဏ်သည် ထခုန်မတတ်လန့်သွားတော့သည်။ ပထမပိုင်း၌ စိတ်ကောက်ရမှာကသူဖြစ်ပြီး အခုတော့ သူအဆူခံထိတော့မည်။
KAMU SEDANG MEMBACA
ညံနေအောင်ချစ်မည် (loving you out loud)
RomansaCompleted!! Age Gap (BoyxBoy) Marriage Life! Cover Art_ Adder Aries (Canvas) Started date_ Wed, Dec 8th, 2021
