Ep 4

3.9K 242 8
                                        

"ဉာဏ်..."

ခပ်တိုးတိုးခေါ်လိုက်သောကြောင့် ဉာဏ်ကအသာလှည့်ကြည့်သည်။ စက်နေဟိန်း၏ လက်ဝါးပေါ်၌ မြေပဲဆံအား လာယူစားနေသော ရှဉ့်ညိုလေးတစ်ကောင်ကို ဉာဏ်တွေ့လိုက်ရသည်။ ရှဉ့်လေးပြေးသွားမည်စိုး၍ စက်နေဟိန်းက ဉာဏ့်ကို ဘေးသို့ ဖြည်းဖြည်းလာရန် အချက်ပြလိုက်သည်။

ဉာဏ်လည်း ခပ်ဖွဖွလေး လမ်းလျှောက်လာကာ ရှဉ့်လေးကို ကြည့်နေမိ၏။ မြေပဲဆံလေးများကို လောဘတကြီးစားနေသော ရှဉ့်ညိုလေး စက်နေဟိန်းကိုကြည့်လိုက် ဉာဏ့်ကိုကြည့်လိုက်နှင့်။ ကြည့်ရတာ ကောင်ငယ်လေးက သူ့ကို ဘာမှမလုပ်မှန်း သတိထားမိနေပုံပါပင်။

"ချစ်စရာကောင်းလိုက်တာနော်၊ ဖြည်းဖြည်းစားပါ၊ ဘယ်သူမှ လုမစားဘူး‌လေ"

ဉာဏ်ပျော်နေပုံကိုကြည့်ပြီး စက်နေဟိန်းပြုံးနေမိသည်။ လက်ထဲမှ ရှဉ့်လေးကို ဉာဏ့်အနားသို့ တိုးပေးတော့ ဉာဏ်က မကိုင်ရဲ။

"သားက အကောင်သေးသေးလေးတွေဆို အသည်းယားလို့ မကိုင်ရဲဘူး"

"ဟောဗျာ...ကိုယ်ကိုင်ပေးထားတယ်လေ၊ ကိုင်ကြည့်လေ၊ သူတို့အမွှေးလေးတွေက အိစက်နေတာ"

ဉာဏ်သည် လက်ညှိုးလေးတစ်ချောင်းဆန့်ကာ ရှဉ့်လေး၏ ခေါင်းကို ထိကြည့်မိသည်။ ရှဉ့်လေး အစက လန့်၍ ခေါင်းလေးပုသွားသော်လည်း သူ့ကို အစာလာကျွေးနေသူများဟု သိသောကြောင့် ဉာဏ့်လက်ကိုပါ ပါးစပ်လှုပ်စိ လှုပ်စိလေးထဲ ကောက်ထည့်တော့သည်။

"ဟား ဟား၊ ယားတယ်ကွ၊ ချစ်စရာလေးကွာ၊ အသည်းယားလိုက်တာ"

အရမ်းကို သဘောကျနေသော ဉာဏ်က စက်နေဟိန်းလက်ထဲမှ ရှဉ့်လေးကို သူ့လက်ပေါ်လာစေချင်သည်။ ထို့ကြောင့် စက်နေဟိန်းကိုင်ထားပေးသော အိတ်ထဲမှ မြေပဲဆံများ နှိုက်ယူကာ လက်လေးဖြန့်ထားပေးလိုက်သည်။ ခဏကြာသည့်အခါ ရှဉ့်လေးက ဉာဏ့်လက်ပေါ်ရောက်လာတော့သည်။

"အိမ်ကိုသာခေါ်သွားရင် ဟိုကောင်တွေနဲ့တွေ့မှာပဲ"

"ဉာဏ်မွေးချင်လို့လား"

"ဟင့်အင်း...မွေးချင်ရင်တောင် သူ့ကို ဒီမှာပဲနေခိုင်းမှာ၊ ဒီမှာ သူ့အပေါင်းသင်းတွေရှိပြီး သူ့မိသားစုရှိတယ်လေ"

ညံနေအောင်ချစ်မည် (loving you out loud)Où les histoires vivent. Découvrez maintenant