Ep 19

2.2K 156 14
                                        

ရှော့ပင်းစင်တာလေးတစ်ခုရှေ့ရှိ လှေကားထစ်လေးများပေါ်၌ ငုတ်တုတ်လေးထိုင်နေသော ဉာဏ်က တစ်ယောက်ယောက်ကို မျှော်နေသယောင်ယောင်။ ခေါင်းလည်း ငြီးစီစီဖြစ်နေသေးသည်။ ဖုန်းလည်းမသုံးချင်၍ ကျောက်ရုပ်ကြီးလိုထိုင်နေမိသည်။

"ဉာဏ်"

အရှေ့သို့ ဒရောသောပါးဖြင့်ရောက်လာသော စက်နေဟိန်းကို မော့ကြည့်မိသည်။ သို့သော် ဘာမှတော့မပြောဖြစ်။

"ဉာဏ် စိတ်ဆိုးနေတာလား၊ ကိုယ်လည်း ဖုန်းဆက်တယ်ဆို အမြန်ထွက်လာတာပဲ၊ အဲ့ဒါကြောင့် ကိုယ်ပြောတယ်၊ တစ်နာရီအလိုလောက်တည်းက စာပို့ထားလို့"

ဉာဏ့်မျက်နှာကတည်နေသောကြောင့် စိတ်ဆိုးနေပြီအထင်နှင့် စက်နေဟိန်းသည် ချော့ရန်ကြိုးစားနေလေသည်။ သို့သော် ဉာဏ်က ခေါင်းခါပြလျက်....

"မဆိုးပါဘူး၊ အိမ်ပြန်ရအောင်လေ၊ ဉာဏ်နားချင်နေပြီ"

ဉာဏ်ကမတ်တပ်ရပ်ကာ စက်နေဟိန်းလက်မောင်းကို ဖက်လိုက်လျက် ကားဆီကိုသွားရန်ပြင်သည်။

"ဉာဏ် ဘာစားချင်သေးလဲ"

"ဟင့်အင်း...."

ထိုသို့ပြောကာ ကားတံခါးဆွဲဖွင့်နေသော ဉာဏ်က လော့ခ်ချထားတာ မေ့နေလားမသိ။ တံခါးဖွင့်မရ၍ ကားတံခါးကြီးကို ဝုန်းခနဲ ရိုက်ချပစ်လိုက်သည်။ စက်နေဟိန်း အနည်းငယ်တော့ရယ်မိသွား
၍....

"လော့ခ်ချထားသေးတယ်လေ ဉာဏ်ရဲ့...."

စက်နေဟိန်းက လော့ခ်ဖွင့်လိုက်တော့ စက်နေဟိန်းမျက်နှာကို တံခါးနှင့်မတိုက်ရုံတမယ် ဆွဲဖွင့်ကာ အမြန်အဆန်ဝင်ထိုင်လိုက်သည်။ တံခါးတောင်ပြန်မပိတ်....ထို့ကြောင့် စက်နေဟိန်းက တံခါးပြန်ပိတ်ပေးကာ ကောက်စိန်လုပ်နေတာလား၊ ဘာဖြစ်နေတာလား မေးရဦးမည်။

"ဉာဏ် တစ်ခုခုဖြစ်နေတယ်မလား၊ ကိုယ့်ကိုပြောပြလေ၊ ဒါမှမဟုတ် စိတ်ဆိုးနေတာမလား၊ စိတ်မဆိုးပါနဲ့၊ ကိုယ်လည်း အမြန်မောင်းလာတာ၊ မီးပွိုင့်က နှစ်ခါမိနေလို့လေ...."

"ဉာဏ် ဘာမှမဖြစ်ဘူး၊ စိတ်မဆိုးဘူး၊ အိမ်ပြန်မယ်၊ ဘာလဲ....ဉာဏ် မောင်းလိုက်ရတော့မှာလား"

ညံနေအောင်ချစ်မည် (loving you out loud)Donde viven las historias. Descúbrelo ahora