ယနေ့ည ကံ့ကော်၏ staff partyသို့ ဉာဏ့်ကိုခေါ်သွားရန် စက်နေဟိန်း စီစဉ်ထားသည်။ သို့မှလည်း ဉာဏ့်ကို အလုပ်အကြောင်းလေး ပြောပြပေးလို့ရမှာဖြစ်သည်။
"ဘယ်သူ့မင်္ဂလာဆောင်လဲ"
ဉာဏ်က စက်နေဟိန်းကို ရေချိုးခန်းထဲမှအထွက် စပ်စုလာသည်။
"မင်္ဂလာဆောင်မဟုတ်ဘူး၊ staff partyပါဆိုနေမှပဲကွာ"
"ဪ ဟုတ်သားပဲ၊ ဉာဏ် ဒါဝတ်ရမှာနော်"
ဉာဏ်က ကုတင်ပေါ်တင်ထားသော အဝတ်အစားများကို လက်ညှိုးထိုးပြသည်။
"ဟုတ်တယ် ဉာဏ်၊ ကိုယ်လည်း အဝတ်စားလဲရဦးမယ်"
ဉာဏ်သည် အဝတ်အစားများကိုကြည့်ရင်း မျက်လုံးများပင်ပြူးသွားသည်။ ဒီတံဆိပ်တွေကိုကြည့်ခြင်းဖြင့် ဈေးတွေက မိုးပေါ်ရောက်နေကြောင်း ဉာဏ်သိလိုက်သည်။ သွားရမည့်နေရာက အရမ်းကြီးကျယ်လို့များလားဟု ဉာဏ် ခဏလောက်တွေးနေရသည်။
"ဦးစက်...အခုသွားရမယ့်နေရာက တော်တော်ကြီးလား"
"မကြီးဘူးလေ၊ အိမ်ကိုသွားရမှာ၊ သူတို့က အိမ်မှာလုပ်ပေးတာ"
"ဒါဆို ဘာလို့ ဉာဏ့်အတွက် ဒါတွေဝယ်ထားပေးတာလဲ"
"ဉာဏ်မကြိုက်လို့လား"
စက်နေဟိန်းက စကားပြောရင်း ဉာဏ့်အရှေ့သို့ ရှပ်အင်္ကျီကြယ်သီးမတပ်ရသေးသည့်အတိုင်း လာရပ်သည်။
"ဈေးကြီးလို့လေ၊ ဉာဏ့်ဘာသာဝတ်တာတွေက ဘာဈေးမှမရှိဘူး၊ မာမီဝယ်ရင်တော့ရှိတယ်....."
"အခု ဉာဏ့်ယောက်ျားကဝယ်ပေးတယ်လေ၊ ဘာတွေအဲ့လောက်တွေးနေတာလဲ"
ဉာဏ်က ဘာမှမပြောဘဲ စက်နေဟိန်း၏ ရင်ဘတ်ဟစိကိုကြည့်ရင်း.....
"ဦးစက်က ဘာလို့ အဲ့အတိုင်းကြီးရပ်နေတာလဲ"
ဉာဏ့်မေးခွန်းကြောင့် စက်နေဟိန်းခေါင်းငုံ့ကာ ရယ်မိသွား၏။ တကယ်က ကြယ်သီးတပ်ပေးစေချင်တာ၊ ဉာဏ်က သူ့ဘာသာအူတိအူကြောင်မို့ တပ်ပေးရကောင်းမှန်းတောင်သိရဲ့လားမသိ။ ထို့ကြောင့် သူ့ဘာသာပဲကြယ်သီးတပ်နေလိုက်တော့သည်။ ဤအချိန်ထိလည်း ဒီကလေးနားမလည်သေး၊ သူ့အဝတ်အစားသူယူကာ ဝတ်ဖို့ပြင်နေလေပြီ။
YOU ARE READING
ညံနေအောင်ချစ်မည် (loving you out loud)
RomanceCompleted!! Age Gap (BoyxBoy) Marriage Life! Cover Art_ Adder Aries (Canvas) Started date_ Wed, Dec 8th, 2021
