Pt 2

616 72 15
                                    

"Omma"

"ကားသေချာပါကင်ထိုးခဲ့လား"

"nae Omma"

"မိတ်ဆက်ပေးရအုံးမယ် Saw Yoon ဒါကငါ့သားလေး Park Jimin တဲ့သားဒါက omma သူငယ်ချင်း Min Saw Yoon တဲ့"

"တွေ့ရတာဝမ်းသာပါတယ် အန်တီ"

သူ့ကိုရိုရိုသေသေနဲ့မိတ်ဆက်လာတဲ့ကောင်လေးကိုကြည့်ပြီး သူ့ဆီမှာသမီးသာရှိရင်ချက်ချင်း လက်ထပ်ပေးမိမှာသေချာတယ်
ရုပ်ရည်လေးကလည်းချော လူကြီးသူမကိုလည်းရိုသေတယ် ဝတ်ပုံစားပုံကတော့နည်းနည်းလူမိုက်ပုံပေါက်နေပေမဲ့ပေါ့

"ချောလိုက်တာနင့်သားလေးက"

"ငါ့သားဘဲလေအဲ့လောက်တော့ရှိရမှာပေါ့"

"ဟား ဟား ဟား အခုထိကိုယ့်ကိုကိုယ် confident တေ so high နေတုန်းဘဲနော်"

"ဟား ဟား"

.

.

"ဟူး မောလိုက်တာ omma ရေ ရေလေးပေးပါအုံး ဟောဟဲ"

"ခွေးလိုက်ဆွဲလာလို့လား ရော့ လူကြီးလူကောင်းပီပီတည်တည်ငြိမ်ငြိမ်နေပါဆို အမြဲတမ်းစပ်စလူးခါနေတာ"

'ဂွတ်'

"Arrr omma ဘာလို့ခေါက်တာလဲ"

"Saw Yoon-ar သူက"

"သူကငါ့သားလေး စပ်စလူးစိန်"

"ဟာ omma ကလည်း"

ထိုစဉ်မျက်လုံးကသူ့ရဲ့ရှေ့ကဖုန်းကိုဘဲထိုင်ကြည့်နေတာ သူတို့ကိုရှိတယ်လို့တောင်မထင်တဲ့လူသားဆိုအကြည့်အရောက် သူကလည်းကိုယ့်ကိုပြန်ကြည့်တာနဲ့ဆုံတော့ ခဏအကြာသူ့ဘက်ကမျက်လုံးပြန်လွှဲသွား‌တယ်

ခဏတာအကြည့်ချင်းစုံပေမဲ့ သူ့ရင်ထဲမှာကုလားဘုရားလှည့်နေသလားအောက်မေ့ရတယ် အဆက်မပြတ်ခုန်နေတဲ့နှလုံး သူသာနှလုံးရောဂါရှိရင် ဒီနေရာမှာတင်ချက်ချင်းအသက်ပျောက်လောက်တယ်

'ချောလိုက်တာ အကြည့်ကြီးတေက ဟာ ငါဘာတေတွေးနေတာ'

တစ်ယောက်တည်းခေါင်းတေခါရမ်းနေတဲ့ သားဖြစ်သူကိုကြည့်ပြီး

"သား သားလေး"

"ဗျာ ဗျာ"

"အဆင်ပြေရဲ့လား နေမကောင်းဘူးလား"

Lord Of Roses MinWhere stories live. Discover now