ဒီအပိုင်းလေးက TaeKook side များမယ်နော် မနေ့ကကူးငယ်မွေ့နေ့မှာ မတင်ပေးလိုက်ရလို့အစားတင်ပေးတာပါ 😘
-----------------------------------------------------------
Jung Kook တစ်ယောက်မနက်အိပ်ယာကနိုးနိုးချင်း သူ့ရဲ့သဲငယ်လေးကို တမြတ်တနိုးကြည့်လိုက်မိသည်
မွေးနေ့တုန်းက သူတော်တော်ပျော်ခဲ့ရသည် suprise တေလည်းအများကြီးရခဲ့တယ် အများရီးထဲကမှတစ်ခုသော suprise လေးကိုအကြိုက်ဆုံးပင် နောက်ဆုံးတော့သူ့ရဲ့စိတ်ကူးလေး အကောင်အထည်ပေါ်သွားပြီလေ
flash back 🔙🔙
"Tae မနက်ဖြန်ကဘာနေ့လဲသိလား"
"ကြာသပတေးနေ့လေ ဘာလို့တုန်း"
"ဘာမှမဟုတ်ပါဘူး"
"Tae အပြင်ကိုသွားစရာရှိလို့ သွားတော့မယ်နော် 8နာရီလောက်မှပြန်ရောက်မယ်ထင်တယ် မသေချာဘူးအဲ့ထပ်ကြာရင်လည်း ကြာသွားနိုင်တယ်"
"ဘာကိစ္စရှိလို့"
"အလုပ်ကိစ္စလေးပါ Tae သွားပြီနော် အာဘွား မနက်စာခုံပေါ်မှာအသင့်ပြင်ပေးထားတယ် စားဖြစ်အောင်စားလိုက်နော်"
Tae Hyung ထွက်သွားပြီးတာနဲ့ မျက်နှာအမူအရာထိန်းထားရာကနေ လွှတ်ချလိုက်သည်
"Tae ကအလုပ်များနေလို့ပါ ဟုတ်တယ် Jeon Jung Kook မင်း Tae အပေါ်မှာယုံကြည်ရမှာလေ"
စိတ်ကိုပြန်တင်းလိုက်ကာ မနက်စာစားရန်မီးဖိုချောင်သို့ သွားလိုက်သည်
စားပွဲပေါ်တွင် ရေညှိဟင်းရည်နဲ့ကြက်သွန်မြိတ်ပန်ကိတ်
(လိုက်ဖက်လား မလိုက်ဖက်လားတော့သာသာလည်းမသိ သာသာစားချင်တာနဲ့
ေရးထည့်လိုက်တာ😷)ရေညှိဟင်းရည်လေးမြင်တော့ သူပြုံးသွားရသည်
"Tae မမေ့ဘူးဘဲ Jeon Jung Kook မင်းအသုံးမကျလိုက်တာ Tae လေးကငါ့မွေးနေ့ကို မေ့ဖူးတဲ့နှစ်မှမရှိတာ အလုပ်ကြောင့် 1ပတ်လောက်ကြာမဲ့ခရီးကို 5ရက်လေးနဲ့အလုပ်တေအပြီးလုပ်ပြီး ပြန်လာခဲ့တာမလား ဒါကိုမင်းက Tae ကမွေးနေ့မေ့နေတာလားဆိုပြီး စွပ်စွဲလိုက်တာဘဲ"
စားပွဲပေါ်က ရေညှိဟင်းရည်လေးကိုကြည့်ကာ ပျော်ရွှင်နေတဲ့ ယုန်ငယ်လေး ရှေ့သွားလေး 2ချောင်းပင်အတိုင်းသား ပေါ်လို့နေသည်