မနေ့ညက မောင်သူ့ကိုဖုန်းဆက်ပြီးချက်ချင်းပင် ထပြန်သွားဖို့ပြင်ပေမဲ့ အဆင်မပြေတာကြောင့် အောင့်အီးကာမနက်ရောက်တာနဲ့ ချက်ချင်းပြန်ချလာခဲ့သည် တစ်ညလုံးလည်းမအိပ်ရသေးပေ
လေယာဉ်ပေါ်မှာရောက်နေလည်းဘဲ စိတ်မအေးနိုင်ပေ မောင့်ကိုသေချာရှင်းပြပြီးမှဘဲ စိတ်အေးနိုင်မယ်ထင်သည် လေယာဉ်စီးတာတောင် ဖင်တကြွကြွနှင့် သူ့အတွက်တည်ငြိမ်မှုဆိုတာ မရှိတော့အောင်ပင်
"မောင် ငါ့ကိုအထင်မလွဲလိုက်ပါနဲ့ ငါတောင်းပန်ပါတယ် ကျစ် မရောက်သေးဘူးလား ကြာလိုက်တာ"
"ဂျယ်ဂျူဒိုနဲ့ ဆိုးလ်ကိုအဲ့လောက်တောင်ကြာရလား"
တကယ်တော့မြန်တောင်မြန်နေသည် စိတ်လောနေလို့နှေးတယ်ထင်နေရသည်သာဖြစ်၏
ခနလောက်ကြာတော့ အင်ချွန်းလေဆိပ်ကိုမြင်ရတော့ အနည်းငယ်တော့ပူပန်မှုလျော့သွားသည်
လေယာဉ်ပေါ်ကမြန်မြန်ဆင်းကာ taxi ငှားရန်ပြင်လိုက်သည်
.
.
.
.
.အိမ်ရောက်တာနဲ့ ပိုက်ဆံပေးလိုက်ကာ အိမ်ထဲသို့ ဒရောသောပါးပြေးဝင်လာလိုက်သည်
"ဟင် သားလေးပြန်လာတာကိုတောင်မပြောဘူး"
"မောင် မောင်ရော မောင်"
"ရှိတယ်လေ"
"တော်ပါသေးရဲ့"
"နေအုံးလေ အော် ဒီကလေးတော့"
လှေကားပေါ်သို့ အပြေးတတ်ခဲ့ကာ မောင့်အခန်းသို့ တံခါးတောင်မခေါ်နိုင်တော့ဘဲ ဝင်ခဲ့လိုက်သည်
မြင်မြင်ချင်း စောက်နဲ့ထွင်းဆိုပေမဲ့ သူ့အတွက်တော့ မြင်မြင်ချင်းပန်းနဲ့ပေါက်ခံရသလိုပင်
အင်္ကျီလဲဖို့ပြင်နေတဲ့မောင်က boxer သာဝတ်ထားပြီး တံခါးဖွင့်သံကြားတော့ သူ့ဘက်သို့လှည့်ကြည့်လာသည်
'ဝါးး အကြီးကြီးဘဲ ဂလု'
"ဟမ် ကိုကို"
'ကျစ် ဒီကိုကိုဆိုတာကြီးကို ထွက်သွားပြန်ပြီစိတ်ပျက်လိုက်တာ'
"အာ ဟို မောင်"
"ဘယ်တုန်းကပြန်ရောက်တာ"
"ခု ခုနလေးကမှ အင်္ကျီလဲမလို့လား လဲလေ ငါအောက်ကစောင့်နေမယ်"