'ဒုန်း... ခလွမ်းး'
vip ခန်းထဲကနေ အပြင်ဘက်က ရန်ဖြစ်သံတေကိုအတိုင်းသား ကြားနေရတာကြောင့် ဘသူမှမပြောတာ ကျက်သတုံးကောင်တေ ပြသာနာရှာနေကြမှန်းသိလိုက်သည်။
"သူဌေး သူတို့"
"ကျစ်"
ရန်ပွဲရှိရာ dance floor ကိုသွားကာ ရန်ဖြစ်သည်များကို မတားဘဲဒီတိုင်းလက်ပိုက်ကြည့်နေလိုက်သည်။
"သူဌေး"
"ထားလိုက် သူတို့စိတ်ကြိုက်ဖြစ်ခွင့်ပေးလိုက်"
"ဟုတ်ကဲ့"
ရန်ပွဲကအစက by 1 ချင်းဆိုပေမဲ့ ခနအကြာတော့ ဘော်ဒီတောင့်တောင့်အကောင်ဘက်က သူငယ်ချင်းတေပါဝင်ကာ ဟိုဘက်ကတစ်ယောက် ဝိုင်းလုပ်ကြသည်။
အင်အားချင်းမမျှတတဲ့ ရန်ပွဲတေကိုသူအရမ်းမုန်းတာကြောင့် ခါးကြားထဲကသေနတ်ကို မိုးပေါ်ထောင်ပြစ်လိုက်သည်။
သေနတ်သံကြောင့် dance floor မှရှိတဲ့သူတေကော ရန်ဖြစ်နေတဲ့သူတေပါ အကုန်ရပ်သွားကြသည်။
"စောက်ခွေးကောင်တေ ဒါက bar မင်းတို့ရန်ဖြစ်ဖို့ ဖွင့်ပေးထားတာမဟုတ်ဘူး အဲ့လောက်ရန်ဖြစ်ချင်နေရင် လက်ဝှေ့သွားထိုးကြ"
"မင်းကဘာကောင်မလို့"
ရန်ပွဲကိုအရင်စတဲ့အကောင်ဆီက အသံအရင်ထွက်လာသည်။သူ့နောက်ကနေ အပေါင်းအပါတေပါ အသံတေထွက်လာသည်။
"သေချာတာကတော့ မင်းတို့လို 3 ယောက်လိုသတ္တိကြောင်တဲ့ကောင်တော့ မဟုတ်ဘူး"
"ဟက် စောက်ရမ်းတေအပြောကြီးနေပါလား သတ္တိရှိရင်လာခဲ့ ဟျောင့်"
"sry ဘဲမင်းတို့နဲ့ရန်ဖြစ်ဖို့ ငါ့မှာအချိန်မရှိဘူး"
"ကြောက်ရင်ကြောက်တယ်ပေါ့"
"ကြည့်ရတာတော့ ငါဘသူလဲမသိကြသေးပုံဘဲ အဲ့တော့လည်းပြပေးရမှာပေါ့"
ဒီ bar က သူတို့လိုအမှောင်လောကသားတေကြားမှာ နာမည်ကြီးတဲ့ bar တစ်ခုပင်။ဂိုဏ်းမျိုးစုံက လူတေတင်မက သာမာန်လူတေဘဲ လာတတ်ကြသည်။ဂိုဏ်းပေါင်းစုံကလူတေက သူဘယ်သူဆိုတာသိပေမဲ့ သာမာန်လူတေကတော့မသိကြ။ကြည့်ရတာသူ့ရှေ့ကကေုင်က သာမာန်လူပင်ဖြစ်ရမည်။