Pt 24

258 27 73
                                    

3 months later

နေ့တေတ‌ရက်ပြီးတစ်ရက်ကုန်လွန်လာတာ ဘာလိုလိုနဲ့ 3လတောင်ရှိပြီဘဲ

ဒီ 3လအတွင်းမှာ အရာရာဟာအကုန်ပြောင်းလဲသွားကုန်ပြီ

Min Yoongi အိမ်ကိုပြန်မလာတော့တာ 3လတောင်ရှိပြီ အစကတော့ ဟိုတစ်ခေါက်ကလို
သူငယ်ချင်းတေနဲ့လျှောက်လည်နေတာဖြစ်မယ်ဆိုပြီး ဒီတိုင်းနေနေသည် 1လစောင့်သည် 1လနဲ့လည်းပြန်ပေါ်မလာ 2လနဲ့လည်းပြန်ပေါ်မလာတော့

သားမက်ချစ်လေးဖြစ်တဲ့သူ့ရဲ့ omma ကတော့ Yoongi omma နဲ့ 2ယောက်ပေါင်းပြီး ကမ္ဘာအနှံ့လိုက်ရှာနေတော့သည်။

ဟန်ရှင်းကတော့ ကိုယ်ဝန်ဆောင်ကာလ 6လအတွင်းသို့ရောက်နေပြီမို့ ဗိုက်ကနဂိုကထပ်ပိုပူလာကာ အစစအရာရာအကုန်ဂရုစိုက်ပေးနေရသည်

Nam Joon နဲ့ Jin တို့ကတော့ရည်းစားတေဖြစ်သွားကြပြီ Hobi ကလည်းအောင်မြင်ကျော်ကြားတဲ့ dancer တစ်ယောက်ဖြစ်သွားပြီး entertainment တိုင်းကကမ်းလှမ်းခြင်းကို ခံရသည်။သို့သော်ခုချိန်ထိ ငြင်းမြဲငြင်းဆဲပင်။

Z နဲ့ Mang ကတော့ဒီအတိုင်းပင်ဘာမှမပြောင်းလဲပါ တစ်ခုတော့ရှိသည် ခုတလော Mang က Z ကိုတွေ့ရင်ကိုအပျိုဖျန်းလေးတစ်ယောက်လို ရှက်သွေးကြွယ်တတ်နေပြီ
အကြောင်းကတော့ Z ကတွေ့မိတိုင်းအဖြေ အတင်းတောင်းကာတခါတခါ နမ်းတာတေပါရှိသည်။

Devil ကတော့စိတ်ဆက်တတ်လာကာ အရင်ကသူ့ကိုရန်လာစမှပြန်လုပ်တတ်တဲ့သူက
အခုမှာတော့စိတ်မထင်ရင်မထင်သလို သေနတ်နဲ့ပြစ်သတ်တတ်သည့် မကောင်းဆိုးဝါးလုံးလုံးဖြစ်လာပြီဖြစ်သည်။

Mario ကတော့ skin care ချိန်တောင်မရှိတော့ဘဲ Devil နောက်ကနေမျက်စိဒေါက်‌
ေထာက် လိုက်ကြည့်နေရသည်။ အရင်လတုန်းက Z ကိုသတ်မယ်တေဘာတေလုပ်ပြီးတဲ့အချိန်ကတည်းက အနောက်ကနေတကောက်ကောက်လိုက်ရသည်။ပြီးတော့ Z ရဲ့အ‌ေလာတကြီးနဲ့ Mario ဆိုတဲ့ခေါ်သံကြားရရင်ကို လူကရူးချင်ချင်

"Park Jimin အဲ့တာနင့်ကြောင့် နင့်စကားတစ်ခွန်းကြောင့်အခုတော့ ငါ့သားလေးမျက်နှာကိုမမြင်ရ‌တော့တာ 3လတောင်ရှိပြီ ပြန်ခေါ်လာပေး ငါဆောယွန်းကိုလည်းမျက်နှာပူလှပြီ ပထမတစ်ခါ မင်္ဂလာဆောင်တုန်းကလည်း နင့်ရဲ့လုပ်ရပ်ကြောင့်ငါ့မှာမျက်နှာတောင်မပြရဲ

Lord Of Roses MinWhere stories live. Discover now