"ကိုကို!!!!!"
"ကိုကို မောင့်ကိုဒီလိုကြီးမနောက်နဲ့ကွာ ကိုကို!!! မောင့်ဆီပြန်လာပေးပါ ကိုကို!!!"
Jimin တစ်ယောက်အိပ်မက်ဆိုးတေ မက်ရာကနေလန့်နိုးလာတော့ ကြောက်လန့်မနေနိုင်ဘဲ ဘေးနားကနေရာကိုကြည့်လိုက်တော့ လစ်လပ်နေတဲ့နေရာကိုတွေ့တော့ ခေါင်းနပန်းကြီးသွားကာ ချက်ချင်ပင်ကုတင်ပေါ်ကဆင်းကာ အခန်းတွင်းပတ်ရှာရသည်။
"ကိုကို "
'ဒေါက် ဒေါက်'
"ကိုကို အထဲမှာလား"
'ဒေါက် ဒေါက် ဒေါက်'
"ကိုကို"
တံခါးလက်ကိုင်ကိုလှည့်လိုက်တော့ ပွင့်လာတဲ့တံခါး အထဲသို့အမြန်ဝင်ပြီးရှာလိုက်တော့ လူအရိပ်အယောင်နဲ့တူတာ လုံးဝမတွေ့
"ဟင့်အင်း ကိုကို မောင့်ကိုမစနဲ့လေ ကိုကို!!!!"
ဝရံတာဘက်ထွက်ကြည့်လိုက်တော့လည်းမရှိ ခြံထဲကိုလှမ်းကြည့်လိုက်တော့ ဒန်းပေါ်မှာထိုင်နေတဲ့သူကိုတွေ့တာကြောင့် အောက်ထပ်သို့အမြန်ပြေးဆင်းကာ ထိုနေရာသို့အမြန်ပြေးလိုက်သည်
"ကိုကို!!!"
Yoongi တစ်ယောက်ဒန်းပေါ်မှာထိုင်ပြီး အတွေးများနေတုန်း သူ့နာမည်ကိုအလန့်တကြားခေါ်ကာ သူ့ဆီအပြေးလာတဲ့ကောင်လေးကြောင့် မတ်တပ်ထရပ်ကာအနားသို့သွားလိုက်သည်။
"အင့်.. မောင်ကလည်း ဖြေးဖြေးဖက်လည်းရပါတယ်ကွာ အလန့်တကြားနဲ့"
"အင့် ကိုကို့ကို အင့် ကိုကို့ကိုမောင့်ဆီကနေ ထွက်ပြေးသွားပြီထင်တာ အင့် မောင် မောင်ဘယ်လောက်လန့်သွားရလဲသိတာ"
"ငါကဘယ်ကိုထွက်ပြေးရမှာတုန်းမောင်ရဲ့ မောင့်ရဲ့ဝေးရာကိုငါဘယ်တော့မှထွက်မသွားတာမို့ မငိုနဲ့တော့ တိတ်တော့"
"တကယ်လား"
"တကယ်ပေါ့"
ခေါင်းလေးကိုဖွဖွလေးပုတ်ကာ ငိုထားတာကြောင့်နီရဲနေတဲ့ နှာခေါင်းလုံးလုံးလေးကို အူယားစွာခပ်ဖွဖွကိုက်လိုက်တော့ အော်သံသေးသေးလေးထွက်လို့လာသည်။