"ဂရုစိုက်နော်"
"အေးပါကွာ မင်းသာအလွဲတေလုပ်မနေနဲ့ ငါပြောထားတာတေမှတ်မိတယ်မလား"
"အင်း"
"ငါမင်းကိုယုံမယ်နော် ငါသွားတော့မယ် အိမ်တော် နဲ့ ဂိုဏ်းကိုသေချာစောင့်ရှောက်ပေးထားပါအုံး"
"စိတ်ချပါ ပြန်လာရင်လက်ဆောင်တေယူခဲ့နော်"
"ဟား ဟား အေးပါကွာမင်းအကြိုက် ကောင်မေလးတစ်ယောက်ပါဆွဲလာမယ် ဟား ဟား"
"အဲ့တာဆိုပိုကောင်းတယ်"
.
.
."ဟာ သွားပြီလား မှီအောင်လာခဲ့တာတောင် လွတ်သွားသေးတယ် အဲ့တာမင်းကြောင့်"
"ဟာ ဘာမှလည်းမဆိုင်ပါဘူး"
"ဆိုင်တာပေါ့ မင်းသာ K ကိုရစ်မနေရင် မှီသေးတယ်"
"ဘာမှမဆိုင်ဘူးဟျောင့် မင်းကားပျက်တာကိုလည်းထည့်ပြောလေ"
"ငါ့ baby လေးကိုလာမထိနဲ့ဟျောင့်"
"တော်ကြစမ်း အားနေကိုက်နေဖို့ဘဲသိတယ်"
"ကိုက်ရအောင်ငါတို့ခွေးတေလား K မင်းစကားကိုကြည့်ပြောစမ်း"
"ခွေးလို့လည်းမပြောမိပါဘူး ဘာတေနာနေတာ"
"ကဲပါ ရန်ဖြစ်မနေကြနဲ့တော့ Devil ကအခုအရေးတကြီး mission ပေးသွားတယ်"
"ဘာ mission"
".........."
"Ok သိပြီ K မင်းက camera men လုပ် King နဲ့ Mang မင်းတို့ 2ယောက်က reporter တေအနေနဲ့အသွင်ယူ အခွင့်သင့်တာနဲ့ အစီစဉ်ကိုစ"
"ok"
🌹------------------------------🌹
မနက်စာစားဖို့ မီးဖိုချောင်ထဲဝင်လိုက်တော့ စားပွဲပေါ်မှာမနက်စာတေအသင့် ဘယ်သူလုပ်ပေးထားလဲ ပြောစရာမလိုပေ
ဟန်ရှင်းက အရေးကြီးကိစ္စနဲ့ Switzerland ကိုသွားတာဖြစ်သည်
စားပွဲပေါ်မှာ note စာရွက်တွေ့တာနဲ့ယူဖတ်လိုက်တော့ လက်ရေးလှလှလေးတေနဲ့ အလှဆင်ခြင်းခံထားရတဲ့ စာရွက်လေး ထိုစာရွက်ပေါ်တွင်တော့
“Kimchi ထမင်းကြော်လေးမနေ့ကစားချင်တယ်ပြောလို့ လုပ်ပေးထားတယ် စားပြီးမှအလုပ်သွားလိုက်နော် သူငယ်ချင်းေတနဲ့ short trip ထွက်သွားတာမလို့ ညဆိုတံခါးတေကို သေချာပိတ်ပြီးမှအိပ်နော် ငါကမောင့်ကိုအရမ်းချစ်တယ်ဆိုတာ သိပေးပါ”