'ဒိုင်း ဒိုင်း ဒိုင်း'
အခန်းထဲမှာစာရင်းတေစစ်နေတုန်း အပြင်ဘက်ကနေသေနတ်သံတေကြားလို့ ထွက်ကြည့်တော့ သူ့လူတေတစ်ဝက်လောက်က မြေပြင်ပေါ်မှာ အကုန်လဲကျကာ သေတဲ့သူတေကသေနေကြပြီ။
"Z!!!"
"Mario"
"ဘယ်လိုဖြစ်တာ"
"ဟိုကောင်တေ စခန်းဝင်စီးနေကြပြီ ဒီကနေအမြန်ထွက်မှဖြစ်မယ်"
"အနောက်ပေါက်နေထွက်ပြီးပြေးပါ ပြီးတာနဲ့လိုက်ခဲ့မယ်"
"မင်းတို့မပါဘဲငါဘယ်မှမသွားဘူး"
"Mario ခုချိန်ကကလေးဆန်နေရမဲ့အချိန်မဟုတ်ဘူး ဂိုဏ်းခေါင်းဆောင်နေရာအတွက် မင်းကရှိနေမှဖြစ်မှာ ငါတို့တေမရှိလည်းဘာမှမဖြစ်ဘူး"
"Eagle ဒုဂိုဏ်းချုပ်အနေနဲ့အမိန့်ပေးတယ် အကုန်လုံးအတူတူထွက်မယ်"
"အင်း"
2ဖွဲ့ခွဲကာ ဟိုဘက်ဒီဘက်ညှပ်တိုက်ကာ လွတ်လမ်းကိုရှာဖို့လုပ်ရသည်။ဒီလိုမှမဟုတ်ရင် အကုန်မိကုန်တော့မည်ဖြစ်သည်။အကူညီလှမ်းတောင်းဖို့ရန်လည်း သူတို့ရဲ့စခန်းက ဌာနချုပ်နှင့်အဝေးကြီးပင်။
"ဒီလိုဆက်တိုက်နေမယ်ဆိုရင် ငါတို့အထိနာဖို့ဘဲရှိတော့မယ် လွတ်အောင်ပြေးမှရတော့မယ်"
လွတ်လမ်းရှာနေတုန်း မြေကြီးပေါ်က smoke bomb ကိုတွေ့လိုက်တာကြောင့် အဖွဲ့ကလူတေကိုအချက်ပေးလိုက်ကာ စနက်တံကိုဖြုတ်ကာ ရန်သူဘက်ပြစ်လိုက်ပြီးသူတို့ကတော့ အနောက်ဘက်တံခါးကနေ တောထဲသို့ပြေးလိုက်သည်။
"ဥမင်ထဲသွားကြ"
အကုန်လုံးဥမင်ထဲဆင်းပြီးကြတဲ့အချိန်မှာ အပေါ်ကနေခြေသံတေကြားတော့ smoke bomb ကအရှိန်ပြယ်သွားပြီထင်
"ငါတို့တေထဲမှာ သစ္စာဖောက်တော့ရှိနေပြီ"
ဟုတ်သည် ဒီစခန်းကိုရှာနိုင်ဖို့ဆိုတာတော်ရုံလူမရပေ ပြီးတော့မြေမြုပ်ဗုံးတေထောင်ထားပြီး ကြိုတင်ကာကွယ်ထားသည်။ခုဝောာ့မြေမြုပ်ဗုံးတေကိုတောင် ရှောင်ပြီးစခန်းထိရောက်လာတာဆိုတော့ သေချာပါသည်။သူသေသေချာချာစီစဉ်မှဖြစ်တော့မည်။