"အ အကို ဘ ဘလိုလုပ်ပြီးမြန်မြန်ပြန်ရောက်လာတာ"
"ငါပြန်လာတာကိုဘာလဲမကြိုက်ဘူးလား ပတ်ဆောယွန်း မင်းငါမသိအောင်ဘာတေလုပ်ထားတာလဲ"
"ဘာ ဘာမှမလုပ်ပါဘူး အကိုရဲ့ အလုပ်ကိစ္စနဲ့ကြာမယ်ပြောပြီး မြန်မြန်ပြန်ရောက်လာလို့ပါ"
"ရေသွားခပ်ခဲ့စမ်း ဟိုအကောင်ရောဘယ်မှာလဲ အဲ့အကောင်ကိုခေါ်စမ်း"
"သားလေးက အပြင်သွားတယ်"
"ဖုန်းဆက်ပြီးခေါ်လိုက်"
.
.
."အကို ဒီမှာရေ"
"ဟိုကောင့်ကိုခေါ်ပြီးပြီလား"
"လာနေပြီတဲ့"
Yoongi အပြင်ကနေပြန်လာပြီး အိမ်ထဲကိုအဝင် ကားဂိုဒေါင်မှာသူတစ်ခါမှမမြင်ဖူးတဲ့ ကားတစ်စီးကနေရာယူထားတာမလို့ နည်းနည်းတော့ စဉ်းစားရခက်သွားလေသည်
"ဧည့်သည်ကားဆိုရင်လည်း ခြံဝန်ထဲရပ်ထားရမှာမဟုတ်ဘူးလား ဘသူ့ကားပါလိမ့်"
ထိုစဉ် black Kawasaki ninja တစ်စီးကခြံဝန်းထဲဝင်လာပြန်တာကြောင့် Yoongi အနည်းငယ်စိတ်ရှုပ်သွားပြန်ပါသည်
ဆိုင်ကယ်ကလည်းအနက် အဝတ်အစားကလည်းအနက် helmet ကလည်းအနက်ဖြင့် တစ်ကိုယ်လုံးကိုနက်စွေးစေကာ ဝတ်ဆင်ထားသူကိုကြည့်နေတုန်း တစ်ဖက်က helmet ကိုအချွတ် ပေါ်လာတဲ့မျက်နှာကြောင့် အနည်းငယ်အံ့ဩသွားသလို နှလုံးသားလေးကလည်း ပိုင်ရှင်ကိုတွေ့မိသွားလို့လားမသိ အဆမတန်အခုန်မြန်လာလေရဲ့
ပါးစပ်ကနေလည်း မထင်မှတ်စွာ "မောင်" ဆိုတဲ့နာမ်စားလေးတစ်ခွန်း ထွက်ကျလာလေရဲ့"လူကိုမမြင်ဖူးဘူးလား"
"မ မဟုတ်ပါဘူး ဒါနဲ့ဆိုင်ကယ်ကဘယ်ချိန်ကဝယ်လိုက်တာလဲ"
"ဘာလုပ်မလို့လဲ"
"ဘာမှမလုပ်ပါဘူး စီးတာခုမှမြင်လို့ပါ"
"ခုမှမြင်တော့ ခုမှဝယ်ထားတာပေါ့ ဦးနှောက်မရှိဘူးလား"
"ဒါနဲ့ မောင်"
"ဘာလဲ"
"ဂိုဒေါင်ထဲကကားက ဘသူ့ကားလဲ"
"ဘာလုပ်မလို့"