4.9.2022
အစကတော့ Jung Kook မွေးနေ့မှာတင်လက်ထပ်ပွဲတစ်ခါထဲလုပ်မလို့ စီစဉ်ပေမဲ့ အရေးကြီးအလုပ်တေပေါ်လာတာကြောင့် လက်ထပ်ရက်ကို 5 ရက်နေ့အဖြစ်ရွှေ့လိုက်ရသည်။
Jung Kook ကတော့လုံးဝကျေနပ်မနေပါ လက်ထပ်မဲ့နေ့ကျမှ ယောင်းငယ်ရဲ့အလုပ်ရှင်ကအရေးကြီးတယ်ဆိုပြီး ယောင်းငယ်ကိုနယ်ဘက်ပို့ပြစ်လိုက်တယ် မွေးနေ့လေးမို့မသွားပါနဲ့ဆိုပြီး ခြေထောက်ဖက်ပြီးတောင်းပန်လိုက်မှ နောက်နေ့ကိုပြောင်းသွားတာ
"ဇာတ်ကားတေထဲကလိုငါသာ mafia သာဆိုရင်အဲ့အလုပ်ရှင်ကို ချက်ချင်းသွားသတ်တယ် ခုတော့ အီးးးဟီးးး ယောင်းရေ ကိုယ်ယောင်းကိုလွမ်းတယ် အီးးးဟီးးးးး"
ငိုနေရင်းနဲ့ အလုပ်ရှင်ကိုမေတ္တာပို့ဖို့လည်း မမေ့ပေ airport မှာ TaTa အရုပ်ကြီးကိုဖက်ပြီး ကလေးတစ်ယောက်လိုငိုနေတဲ့ Jung Kook ကြောင့်နောက်ကပါလာတဲ့ လက်ထောက်ဆရာဝန်လေးကတော့ ရှက်လွန်းလို့ အနားကနေတောင် ထွက်ပြေးချင်စိတ်ပေါက်လာပြီ
သူ့ boss ကလုံးဝကိုအရှက်မရှိပေ ခနနေဆိုပြန်ရောက်တော့မဲ့ဟာကို အပိုတေတအားလုပ်လွန်းတယ်
"နောက်ခါဆို ယောင်းကိုအလုပ်ကနေထွက်ခိုင်းပြီး ကိုယ်ရှာတဲ့ပိုက်ဆံဘဲထိုင်သုံးခိုင်းပြစ်မယ် ဟွန့် ဆေးရုံအုပ်တစ်ယောက်ရဲ့လစာက ကိုယ်တို့ 2ယောက်အတွက် လုံလောက်ပါတယ်"
"Dr.Jung Kook"
"ဘာလဲ"
"မျက်ရည်တေသုတ်လိုက်အုံး လူတေကလည်းကြည့်နေကြတာ ရှက်စရာကြီး"
"လွမ်းနေရလို့ မရှက်အားသေးဘူး"
"Dr မရှက်လည်းကျနော်တော့ရှက်တယ် ကားနားမှာစောင့်နေမယ်"
‘တကယ်ပါ ဆေးရုံမှာကျဖြင့် မျက်နှာကိုတင်းထားပြီး လမ်းလျှောက်တာတောင်အောက်တစ်ချက်ငုံ့မကြည့်ဘဲ မော်ချီစွာနဲ့လျှောက်တတ်တဲ့ ဆေးရုံထဲကဆရာဝန်တိုင်း လေးစားကြောက်ရွံ့ရတဲ့ KB ကဆေးရုံအုပ်ကြီး
Dr.Jeon Jung Kook မှဟုတ်ရဲ့လား’(Ep.10 မှာပါတယ်နော် မေ့သွားရင်ပြန်ဖတ်ကြပါ ဟီး ဟီး)
လွမ်းနာကျနေတဲ့သူမလို့ လေယျာဉ်စိုက်ရောက်တာတောင် သတိမထားမိပေ