7 AM
Jung Kook တစ်ယောက် မနက်ဖြန်ကိုတွေးပြီးစိတ်လှုပ်ရှားနေတာကြောင့်ညကလုံးဝအိပ်မရပေ Tae ကစိတ်ကိုငြိမ်အောင် သီချင်းဆိုပြီးချော့သိပ်မှဘဲ အိပ်ပျော်သွားသည်။
မနက်ကျလည်း သေးပေါက်ချင်တာလိုလို အိမ်သာသွားချင်တာလိုလိုနဲ့ တ်ယောက်ထဲဆောက်တည်ရာမရတေဖြစ်လို့နေသည်။
"Jeon မနက်စာစားလေ တ်ောကြာနေပွဲကျမှဗိုက်ဆာနေမယ်"
"Tae ကိုယ်အရမ်းစိတ်လှုပ်ရှားနေတယ်"
"ဘာမှစိတ်လှုပ်ရှားမနေနဲ့ စိတ်ကိုငြိမ်ငြိမ်ထားဟုတ်ပြီလား အရင်ဆုံးစားစရာရှိတာမြန်မြန်စားခဏနေ သူတို့ကလာကြတော့မှာ"
"အင်းပါ"
သူတို့လည်းမနက်စာစားပြီးနဲ့ make up ပြင်ပေးမဲ့သူတေအလာနဲ့ ကွက်တိကျလို့သွားသည်။ဟုတ်ပါသည် ဒီနေ့ကသူ့ဘဝတစ်လျှောက်လုံးမက်ခဲ့ရတဲ့ လှပတဲ့အိပ်မက်လေးကို လက်တွေ့လုပ်ဆောင်ရမဲ့ နေ့ရက်လေး သူအချစ်ရဆုံးသောလူသားလေး
Kim Tae Hyung ကိုဒီနေ့ကျော်လွန်တာနဲ့ တစ်သက်စာသူ့အပိုင်ဖြစ်တော့မည်ဖြစ်သည်။"အမယ်လေးရှင် သတို့သားလေးကဘာမှတောင်မပြင်ရသေးတာကို ချောမောနေတာ ပြင်များပြင်လိုက်ရင်တော့ နတ်သားတေတောင် အရှုံးပေးရမလားမသိ"
"ကဲ ဒီကသတို့သားရယ် မှန်ကအရှေ့မှာလေ အရှေ့ကိုလှည့်ပါအုံး ဘယ်လိုဖြစ်လို့ ဘေးကိုဘဲစောင်းနေရတာတုန်း"
"စိတ်မချလို့နေမှာပေါ့တော်ရေ"
"ခဏလောက်သည်းခံပါရှင် အကုန်ပြီးသွားရင်စိတ်ကြိုက်ကြည့်လို့ရပါပြီ ဒီ 15မိနစ်လေးမှာ ခဏလောက်အောင့်အီးပြီးေနပါအုံး"
သူတို့ပြောသလိုပင် ကြည့်ချင်စိတ်ကိုသည်းခံကာ မိတ်ကပ်ပြင်ပေးနေတာကိုသာ ခံနေရသည်။
ယောကျာ်းလေးတေဘဲမို့ မိန်းပလေးတေလိုထွေထွေထူးထူးပြင်စရာမလိုပေ။
"ကဲ ပြီးပါပြီ"
နောက်ဆုံးတော့ အကြားချင်ရဆုံးစကားလေး ကြားရပြီလေ
ချက်ချင်းပင် သူ့ရဲ့ဝက်ဝံပေါက်လေးရှေ့အများသွားလိုက်သည်။