"အခုဖြစ်နေတဲ့အရာတေအကုန်လုံးကို အပြီးသတ်ရအောင်"
"ဘလိုလုပ်ဖို့စီစဉ်ထားလဲ"
"ရန်သူကိုထိပ်တိုက်ရင်ဆိုင်မယ်"
"အန္တရာယ်များလွန်းတယ်"
"ဒီနည်းဘဲရှိတယ် အဲ့လိုမှမဟုတ်ရင် ကိစ္စ
ေတကဒီထပ်ပိုရှုပ်ထွေးပြီး မဆိုင်တဲ့သူတေဒုက္ခရောက်ကုန်လိမ့်မယ်""ဟုတ်ပြီလေ"
"ငါရောဘာကူညီပေးရမလဲ"
"Alex"
"ငါလည်းအဲ့လူကိုလက်စားချေချင်တယ်"
"မင်းအတွက်အရမ်း"
"ငါ့ကိုယ်ငါကာကွယ်ပါ့မယ်"
"အွန်း ဟုတ်ပြီ...... Mang ယူခဲ့"
"ဒီမှာပါ"
"နောက်သုံးရက်နေရင် သူတို့တေမြို့စွန်းနားက ဂိုထောင်ပျက်တစ်ခုမှာ ဆုံကြလိမ့်မယ် အဲ့အချိန်ကို အခွင့်ကောင်းယူပြီး ဝင်တိုက်ကြမယ်"
"Z နဲ့ Mang ကရုပ်ဖျက်ပြီး သူတို့ကြားမှာရောနေ ငါရယ် Mario က အခွင့်သင့်တိုက်တာနဲ့ ဝင်လုံးမယ်"
"ငါကရော"
"Alex မင်းကငါ့ကိုသတင်းတစ်ခုကိုစုံစမ်းပေး"
"အွန်း"
"ဒီနေ့ညေနကျ M city mall က Foody restaurant မှာသူတို့ဆုံကြမှာ မင်းကအဲ့ကိုသွားပြီး သူတို့ပြောသမျှကို record လုပ်ခဲ့ပေး"
"Ok"
"ဂရုစိုက်ပါ သတိနဲ့နေ တခုခုဆိုဘာမှမလုပ်ဘဲပြေး မဟုတ်ရင်ငါတို့အစီစဉ်တေပါပျက်လိမ့်မယ်"
"စိတ်ချပါ"
"Mario ကလွဲပြီးအကုန်သွားလို့ရပြီ"
"Devil ဒါကအကြံကုန်မဟုတ်ဘူးဆိုတာ ငါသိတယ် ဘာတေချန်ထားတာလဲ"
"ခုပြောမယ်လေ"
"တစ်ခုမကျန်ပြော တစ်ယောက်ထဲစွန့်စားခန်း ဖွင့်ဖို့တော့မကျန်နဲ့ သိတာနဲ့အသေသတ်ပြစ်မှာ"
"မလုပ်ပါဘူးကွာ"
"ပြီးတာဘဲ"
ကိုယ်ကပြောလိုက် သူကအကြံဉာဏ်တေထပ်ပေးလိုက်နှင့် အချိန်တစ်ခုကြာအောင် ဆွေးနွေးပြီးမှာတော့ အရာရာအဆင်ပြေသွားကာ သူစီစဉ်ထားတာထပ် ပိုပြီးအကွက်စေ့တဲ့ အစီစဉ်တစ်ခုအဖြစ် ပုံပေါ်သွားလေသည်။