"wow လှလိုက်တာ မောင်ဟိုမှာကြည့် ကျောက်တုံးလေးတေ"
"ကိုကိုချော်လဲမယ် မပြေးနဲ့လေ"
"မောင်!!! မြန်မြန်လာ"
"မောင်ဒီမယ်ကြည့်ပါအုံး ကျောက်တုံးလေးတေကလှလိုက်တာ"
"ဟုတ်ပါ့ဗျာ ချောမွတ်နေတာသေချာအချောသတ်ထားတဲ့အတိုင်းဘဲ"
"လိုင်းပေါ်ကထပ်တောင် ပိုလှနေတယ်"
အရင်တစ်ပတ်က Yoongi တစ်ယောက် insta သုံးနေရင်းတတ်လာတဲ့ပိုစ့်လေးတစ်ခုကြောင့် အံ့ဩမှင်တတ်သွားရသည်။
ကျွန်းတစ်ခုလုံးတွင် ကျောက်တုံးများဖြင့်ပြည့်နှက်နေကာ တစ်ချို့ကျောက်တေကဆို အရောင်တေပါပါသေးသည်။ နေရာကိုကြည့်ကြည့်တော့ ဘူဆန်အနီးကကျွန်းတစ်ကျွန်းပင်ဖြစ်သည်။
"မောင်ရေ!!!!!"
ရေဆင်းခပ်နေတုန်း အပေါ်ကနေအော်သံကြားတာကြောင့် ရေပင်ဆက်မခပ်နိုင်တော့ဘဲ အပေါ်ထပ်သို့အပေါ်တတ်ရသည်။
"ကိုကို!!! ဘာဖြစ်တာလဲ"
"မောင် ဒီမှာကြည့်ပါအုံးလှလိုက်တာ ငါတို့သွားရအောင်နော်"
"ဘာများလဲလို့ မောင်ဖြင့်လန့်သွားတာဘဲ"
"သွားရအောင်နော် နောက်တစ်ပတ်ဆိုငါတို့အိမ်ထောင်သက် 5နှစ်ပြည့်လေ"
"ဘယ်မှာတဲ့လဲ"
"ဘူဆန်နားကကျွန်းတစ်ကျွန်းမှာတဲ့"
"ကိုကိုကလည်းဘူဆန်နားမှာ ကျွန်းတေမှအများကြီးဟာကို ဘယ်ဟာမှန်းဘလိုသိမှာ"
"မောင်ကလည်းတုံးလိုက်တာ။ ဒေသခံတေကိုမေးရင်ရတာဘဲလေ။ ပြီးတော့ဒီမယ်ဆက်သွယ်ရမဲ့လိပ်စာလည်းပါတယ်။ ငါတို့သွားရအောင် နော် နော်"
"ဟုတ်ပါပြီ ကိုကို့သဘော"
"ဟီး မောင့်ကိုချစ်လိုက်တာအရမ်းဘဲ"
"လိုချင်တာရတော့ ချစ်တယ်ပေါ့"
"မဟုတ်ပါဘူး မောင့်ကိုအစကတည်းကချစ်တာပါ"
.
."မောင် ရေကူးရအောင် နော်လို့ ရေကူးရအောင် မောင်~~~"