"Mario!!!!!!!"
တိတ်ဆိတ်နေတဲ့ညမှာ အော်သံများနှင့်အတူ မီးလျှံတေတောက်လောင်နေတဲ့ အသံများကပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။အိမ်တစ်အိမ်လုံးကို မီးတောက်တေကအငြိုးကြီးစွာဝါးမြိုနေပုံက သွေးပျက်ထိတ်လန့်ဖွယ်ပင်။
"Daddy!!! ဝင်လို့မရဘူးလေ စိတ်ထိန်းပါအုံး"
"Mario ကအထဲမှာငါသွားကယ်မှရမယ် ငါ့ကိုလွှတ်"
"Devil!! မင်းစိတ်ထိန်းစမ်း ဒီလောက်မီးတေလောင်နေတာ မင်းပါအထဲဝင်သွားရင် သေသွားလိမ့်မယ် နားလည်လား"
"ဒါမဲ့ Mario"
နာရီဝက်လောက်အကြာ ငြိမ်းသတ်အပြီးမှာတော့ အရင်ကနှင်းဆီပန်းနီနီတေနဲ့ပြည့်နှက်နေတဲ့ ခြံကြီးကခုတော့ဖြင့် ပြာပုံတေနဲ့ပြည့်နှက်လို့နေရဲ့ အိမ်တစ်အိမ်လုံးမှာလည်းရစရာမရှိအောင်ကို အကုန်ပျက်စီးကာ ပြိုကျလို့နေသည်။
မီးသတ်အဖွဲ့ဝင်တေနဲ့အတူပါလာသည်က မီးလောင်ကျွမ်းနေကာ မျက်နှာတေပင်ပျက်စီးနေသောအလောင်းတစ်လောင်းသာ
ထိုနားလေးအမြန်သွားပြီး စစ်ကြည့်လိုက်တော့ တွေ့လိုက်ရသည်က ဘယ်ဘက်လက်ခလယ်က Mario ကိုသူကိုယ်တိုင်ဒီဇိုင်းဖော်ကာ မွေးနေ့လက်ဆောင်ပေးထားသော လက်စွပ်လေး
"မဟုတ်ဘူး ဒါ Mario မဟုတ်ဘူး"
"Devil စိတ်ထိန်းပါအုံး"
"Z ဒါ Mario မဟုတ်ဘူးမလား"
"Devil"
"Mario မဟုတ်ဘူးလို့ Kelvin မင်းမငိုနဲ့"
"Daddy"
ချက်ချင်းပင်မျက်သားတေနီလာကာ ဒေါသအလျောက်တစ်ကိုယ်လုံးတုန်လာသည်
"တောက်!!!! ခွေးမသား အန်းကွမ်ယူ ငါသူ့ကိုသတ်မယ်"
"Daddy!!! Mang တားအုံးလေ"
"ဟင့်အင်း သွားပါစေ"
"Z!!"
"Mang Kelvin ကိုကြည့်ထား ငါလိုက်သွားမယ်"
"အင်း"
🌹------------------------------🌹
'ဒုန်း!!!!!'
"သူဌေး အပြင်မှာ မင်ယွန်းဆော့ရောက်နေတယ်"
"အဟက် မြန်သားဘဲ"