"ဘယ်သူတုန်း"
Yoongi တစ်ယောက်စိတ်ပြေလက်ပျောက်ခြံထဲ လမ်းလျှောက်ထွက်နေတုန်း အလင်းကွယ်ရာကနေ အရိပ်တစ်ခုဖြတ်သွားတာတွေ့တာကြောင့် သတိကပ်ပြီးထိုနေရာသို့ တဖြေးဖြေးလျှောက်လာကာ ကာကွယ်ဖို့ရန်ဘေးနားမှာ ရှိတဲ့တုတ်ကိုကောက်ယူလိုက်သည်။
အရိပ်က မေပယ်ပင်နားရောက်တော့ပျောက်သွားလေသည်။အပင်အောက်ကိုဂရုတစိုက်သွားကာ သစ်ပင်အပေါ်၊ဘေးပတ်ပတ်လည်းလှည့်ကြည့်တော့လည်း ဘာမှမတွေ့။
"သူခိုးလားမသိဘူး"
'ဒုတ်'
'အာ့~~'
"ဟျောင့် လီးမလို့အကြမ်းကြီးရိုက်လိုက်ရတာလား သေပြီလားမသိဘူး"
"ဒီလောက်လေးနဲ့တော့ မသေနိုင်ပါဘူးကွာ"
"ဘာမှတော့မဖြစ်လောက်ပါဘူးနော် သူသာတစ်ခုခုဖြစ်ရင်ငါတို့တေ သေမှာနော်"
"စိတ်ချပါ ငါ့လက်စငါသိတယ် သူ့ကိုမရအောင်"
"အင်း"
"ကိုကို အပြင်မှာနေနေတာအရမ်းကြာနေပြီနော် အအေးမိပြီးဖျားလိမ့်မယ်"
"ကိုကို"
"ဟမ်"
အိမ်ရှေ့ကနေ ဒရောသောပါးမောင်းထွက်သွားတဲ့ကားကိုကြည့်ကာ နည်းနည်းမသင်္ကာဖြစ်မိပေမဲ့ အခုချိန်မှာ ကိုကို့ကိုပိုစိတ်ပူသည်။
"ဘယ်တေသွားနေတာလဲဗျာ"
ခြံစောင့်ကိုမေးကြည့်တော့ ခုနကမေပယ်ပင်အောက်သွားတာတွေ့လိုက်တယ်ဆိုလို့ ထိုနေရာသို့အသော့နှင်မိတော့ မတွေ့။
"ကျစ် ဘယ်ရောက်နေတာလဲဗျာ"
ဖုန်းဆက်ကြည့်လိုက်တော့ စက်ပိတ်ထားသည်နှင့်တိုးလေသည်။
"အကိုရာ ဘယ်ရောက်နေတာလဲကျနော်စိတ်ပူလာပြီ"
"CCTV ဟုတ်သားဘဲ CCTV မှာစစ်ကြည့်ရမယ်"
ခြံနားပတ်ပတ်လည်က CCTV အကုန်စစ်ကြည့်လိုက်တော့ အကို့ကိုလူ 1ယောက်ကပုခုံးပေါ်ကနေထမ်းတင်ကာ ကားထဲသို့ထည့်လိုက်ပြီးတာနဲ့ မောင်းသူနေရာမှာထိုင်နေတဲ့လူကာ ချက်ချင်းထိုနေရာကနေမောင်းထွက်သွားလေသည်။